ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
အီရန်စစ်တပ်ဟာ အရင်ကထက် ပိုပြီးတော့ အဆင်သင့်ဖြစ်နေသလို အကယ်၍ အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ပြန်ဖြစ်လာရင် အရင်နဲ့ မတူကွဲပြားတဲ့ လက်နက်ဆန်းမျိုးစုံကို ထုတ်သုံးသွားမယ်လို့ အီ ရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
IRGC ပြောရေးဆိုခွင့်ရှိသူ ဆာဒါမိုဟက်ဘီက အီရန်အနေနဲ့ ဖြစ်လာနိုင်သမျှ အခြေအနေအားလုံး အတွက် အဆင်သင့် ရှိနေတယ်လို့ ပြောသွားပြီး မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက အီရန်စစ် တပ်ရဲ့ ကြံ့ခိုင်မှုကို သက်သေပြလိုက်တာပဲလို့ ဆိုပါတယ်။
“ကျွန်တော်တို့ စစ်တပ်ရဲ့ အဆင်သင့်ဖြစ်မှုဟာ အတိတ်ကထက် အများကြီး ပိုသာလွန်နေပါ တယ်” လို့ ၎င်းက ပြောခဲ့သလို အမေရိကန်ဟာ စစ်အင်အားတွေအများကြီး သုံးခဲ့တာတောင်မှ ဟော်မုဇ် ရေလက်ကြားကို အီရန်ရဲ့ လက်ထဲကနေလုယူဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
အမေရိကန်ဟာ စစ်ရေးအရ အရေးပါတဲ့ ရေလမ်းကြောင်းကို အီရန်ရဲ့ ထိန်းချုပ်မှုအောက်ကနေ မိနစ်ပိုင်းလောက်လေးတောင်မှ ဖယ်ရှားနိုင်ခြင်း မရှိခဲ့ဘူးလို့ မိုဟက်ဘီက ပြောပါတယ်။
ဒီရလဒ်ကို ကြည့်ခြင်းအားဖြင့် အမေရိကန်ဟာ အခုပဋိပက္ခအတွင်းမှာ သူတို့ဖြစ်ချင်တဲ့ ရည်မှန်း ချက်တွေကို မအောင်မြင်ခဲ့ဘူးဆိုတာ သက်သေပြနေတာပဲလို့ သူက ဆက်ပြောပါတယ်။
ဒီမှတ်ချက်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံကို လေ ကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက် လနဲ့ချီ ဖြစ်ပွားခဲ့တဲ့ စစ်မက်ဖြစ်ပွားမှုတွေအပြီး အခုအချိန်မှာ ပျက် ပြယ်လွယ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုရှိနေစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အီရန်က အစ္စရေးနဲ့ ပင်လယ်ကွေ့ဒေသက အမေရိကန်မိတ်ဖက်နိုင်ငံတွေကိုပါ ပြန်လည်တိုက် ခိုက်ခဲ့သလို ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်တင်ပို့မှုအတွက် အလွန်အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကိုပါ ပိတ်ပစ်ခဲ့ပါတယ်။
ပါကစ္စတန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ဧပြီလ ၈ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး စတင် သက်ရောက်ခဲ့ပေမဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေမှာ သဘောတူညီချက်တစ်ခု မရသေးတာကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေက ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။
အီရန်အရာရှိတွေကလည်း သံတမန်ရေးအရ ကြိုးပမ်းမှုတွေ ရှိနေပေမဲ့ နိုင်ငံအနေနဲ့ အမြင့်ဆုံး စစ်ရေးပြင်ဆင်မှုအခြေအနေမှာ ဆက်ရှိနေတယ်လို့ ထပ်ခါတလဲလဲ သတိပေးထားပါတယ်။
ကိုးကား – TRT World
Ref; IRGC says Tehran is ‘ready for all scenarios’ if war with US resumes