ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်
အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ဘယ်တော့မှ မထုတ်လုပ်နိုင်ရေး အပါအဝင် သူ သတ် မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှသာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမယ်လို့ သမ္မတ ဒေါ်နယ်ထ ရမ့်က ပြောကြားလိုက်ပြီးနောက် လိုအပ်ရင် အီရန်နဲ့ စစ်ပြန်စဖို့ အမေရိကန်ဘက်က အပြည့်အဝ အရည် အချင်းရှိတယ်လို့ စနေနေ့မှာ သတိပေးလိုက်ပါတယ်။
ငြိမ်းချမ်းရေးစာချုပ်နဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ဘက်က ဆုံးဖြတ်ချက်ချဖို့ နီးစပ်နေပြီလို့ အိမ် ဖြူတော်က အရိပ်အယောင်ပြနေပေမယ့် စစ်ပွဲအဆုံးသတ်ဖို့ အပြီးသတ် သဘောတူညီချက် ရပြီဆိုတာ ကိုတော့ အီရန်က ငြင်းဆိုထားပါတယ်။
အမေရိကန်သတင်းရင်းမြစ်တွေအဆိုအရ အဲဒီစာချုပ်ဟာ ဒေါ်နယ်ထရမ့်ရဲ့ လက်မှတ်ရေးထိုးမှု ကို စောင့်ဆိုင်းနေတာဖြစ်ပြီး သောကြာနေ့က အိမ်ဖြူတော် အရေးပေါ်အခြေအနေခန်းမမှာ အစည်းအ ဝေးလုပ်ခဲ့ပေမယ့် တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချသေးဘူးလို့ သိရပါတယ်။
ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ ပိဟက်ဂ်ဆက်သ်ကလည်း လိုအပ်ရင် စစ်ပွဲကို ပြန်စဖို့ ဝါရှင် တန်မှာ အပြည့်အဝ အရည်အချင်းရှိကြောင်း စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်စစ်တပ်အနေနဲ့ တစ်ဒေသလုံးမှာ ဆက်လက်အခြေစိုက်ထားပြီး အမြဲတမ်း အသင့်အ နေအထားရှိနေတယ်” လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က X (တွစ်တာ) မှာ ရေးသားထားပါ တယ်။ တစ်ဖက်မှာလည်း အီရန်စစ်တပ်က အမေရိကန်ဒရုန်းတစ်စင်းကို လေကြောင်းရန်ကာကွယ်ရေးစ နစ်နဲ့ ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးစာချုပ်အတွက် ဒေါ်နယ်ထရမ့်ရဲ့ အဓိက သတ်မှတ်ချက်တွေထဲမှာ အီရန်အနေနဲ့ နျူ ကလီးယားလက်နက် လုံးဝမထုတ်လုပ်ဖို့နဲ့ ပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ဆိုတဲ့ အချက်တွေ ပါဝင်နေပါတယ်။
အိမ်ဖြူတော်အရာရှိတစ်ဦးက “သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အမေရိကန်အတွက် အကျိုးရှိပြီး သူသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ကိုက်ညီမယ့် စာချုပ်မျိုးကိုပဲ ချုပ်ဆိုမှာဖြစ်တယ်။ အီရန်ဟာ နျူကလီးယားလက်နက်ကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့်ရှိမှာမဟုတ်ဘူး” လို့ ပြောကြားထားပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အက်စ်မေးလ် ဘာကေအီက အီရန်ဟာ လွန်ခဲ့တဲ့ ၄၇ နှစ်ကတည်းက ဒါလုပ်ရမယ် ဟိုဟာလုပ်ရမယ်ဆိုတဲ့ အမိန့်ပေးစကားလုံးတွေကို နှုတ်ဆက်လမ်းခွဲခဲ့ပြီး သားလို့ဆိုကာ ဒေါ်နယ်ထရမ့်ရဲ့ စည်းကမ်းချက်တွေကို ပယ်ချလိုက်ပါတယ်။
အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာကို ပြန်ဖွင့်ပေးမယ့်အစား အီရန်ကလည်း ဟော်မုဇ်ရေ လက်ကြားမှာ ထောင်ထားတဲ့ မိုင်းတွေကို ဖယ်ရှားပေးရမှာဖြစ်ပြီး ရေလမ်းကြောင်းကို ဘာအခွန်အခမှ ကောက်ခံခြင်းမရှိဘဲ ပြန်ဖွင့်ပေးရမယ်လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အီရန်အခြေစိုက် Fars သတင်းဌာနရဲ့ ဖော်ပြချက်အရ အီရန်က နောက်ထပ် ဆွေးနွေးပွဲအဆင့် တွေဆီ မသွားခင် ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်း ပြန်ထုတ်ပေးဖို့ အမေရိကန်ကို အကျပ်ကိုင်တောင်း ဆိုနေတယ်လို့ သိရပါတယ်။
ကိုးကား – AFP
Ref; Iran rejects US deal without firm guarantees; Washington warns war could resume