ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်သ်က အာရှ-ပစိဖိတ်ဒေသအပေါ် ဝါရှင်တန်ရဲ့ ကတိကဝတ်တွေအတိုင်း ဆက်ရှိနေမယ်လို့ စနေနေ့မှာ မဟာမိတ်တွေကို ကတိပေးခဲ့ပေမဲ့ တရုတ်နိုင်ငံ ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် အရင်က ပြင်းပြင်းထန်ထန် ပြောခဲ့တဲ့ အသုံးအနှုန်းတွေကိုတော့ လျှော့ချ ပြောဆိုသွားခဲ့ပါတယ်။
စင်ကာပူမှာကျင်းပတဲ့ ရှန်ဂရီလာ ကာကွယ်ရေးဆွေးနွေးပွဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ သံတမန် တွေနဲ့ ထိပ်တန်းလုံခြုံရေးအရာရှိတွေကို ၎င်းက မိန့်ခွန်းပြောကြားခဲ့တာပါ။
အာရှ-ပစိဖိတ်ဒေသဟာ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ သာယာဝပြောမှုအတွက် အလွန်အရေးပါပြီး ဝါရှင်တန်ရဲ့ အဓိကဦးစားပေးကတော့ ပစိဖိတ်ဒေသမှာ ရေရှည်တည်တံ့ပြီး စိတ်ချရတဲ့ အင်အားချိန်ခွင် လျှာတစ်ခု ဖြစ်ထွန်းစေဖို့ပဲလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က သူက တရုတ်ရဲ့ လျင်မြန်စွာ တိုးတက်လာနေတဲ့ ခြိမ်းခြောက်မှုတွေ အထူးသဖြင့် ထိုင်ဝမ်အပေါ် ရန်လိုတဲ့ သဘောထားတွေကို သတိပေးခဲ့တာကြောင့် တရုတ်အစိုးရရဲ့ ဒေါသထွက်မှုကို ခံခဲ့ရဖူးပါတယ်။
အာရှ-ပစိဖိတ်ဒေသတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ခွင့်မပြုဖို့က အမေရိကန်ရဲ့ အဓိကဦး စားပေးအဖြစ် ဆက်ရှိနေဦးမှာပဲလို့ သူက ပြောပါတယ်။
တရုတ်ရဲ့ သမိုင်းဝင် စစ်အင်အားချဲ့ထွင်လာမှုနဲ့ ဒေသတွင်း
အပြင် ဒေသပြင်ပအထိပါ စစ်ရေးလှုပ် ရှားမှုတွေ တိုးချဲ့လာနေတဲ့အပေါ် စိုးရိမ်ပူပန်ကြတာဟာ အကြောင်းမဲ့မဟုတ်ပါဘူးလို့ သူက ထောက်ပြ သွားပါတယ်။
ထိုင်ဝမ်အပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ ရပ်တည်ချက် သဘောထား ပြောင်းလဲမှုမရှိဘူးလို့ ပိ ဟက်ဂ်ဆက်သ်က ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပေမယ့် လက်နက်ရောင်းချမယ့် ကိစ္စနဲ့ပတ်သက်လို့တော့ တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ပါဘူး။
“နောင်လာမယ့် ထိုင်ဝမ်လက်နက်ရောင်းချရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လိုပဲ ဆုံးဖြတ် ဆုံး ဖြတ် ဒါဟာ သမ္မတရဲ့ သဘောထားအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ သမ္မတကိုယ်တိုင်လည်း ပြောထားပြီး သား ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – The Asahi Shimbun
Ref; Hegseth tones down warnings about China but says U.S. remains committed to Pacific security