ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်

စနေနေ့ညက ဝါရှင်တန်ဟီလ်တန်ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လနီယာထရမ့်တို့ကို အခမ်းအနားကနေ အရေးပေါ် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် တရုတ်နိုင်ငံက အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း တနင်္လာနေ့ မှာ ပြောကြားလိုက်ပါတယ်။

ဘေဂျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက “တရုတ်နိုင်ငံအနေနဲ့ ဒီပစ်ခတ်မှုဖြစ်စဉ်ကို စောင့်ကြည့်နေပါတယ်။ တရုတ်နိုင်ငံဟာ တရားမဝင် တဲ့ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို အမြဲတမ်း ဆန့်ကျင်ကန့်ကွက်ပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဝါရှင်တန်ဒီစီမှာရှိတဲ့ အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ဖြစ်စဉ်အတွင်း လုံခြုံရေးအရာရှိတစ်ဦး သေနတ်ပစ်ခံခဲ့ရတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီအရာရှိကတော့ အိမ်ဖြူတော်မှာဖြစ်ပွားတဲ့ အဆိုပါဖြစ်စဉ်မှာ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

သံသယရှိသူရဲ့ အမည်ကတော့ ကိုးလ်အလန်ဖြစ်ပြီး သူ့ကို ဝါရှင်တန်ဟီလ်တန်ဟိုတယ်မှာပဲ ဖမ်း ဆီးရမိခဲ့တာပါ။

အမေရိကန် ခေတ္တရှေ့နေချုပ် တော့ဒ်ဘလန့်ချ်ရဲ့ ပြောကြားချက်အရ အလန်ဟာ တားဆီးမခံရ ခင်မှာ လုံခြုံရေးစည်းကို ကျော်ဖြတ်ဖို့ ခြေလှမ်းအနည်းငယ်ပဲ လိုတော့တဲ့အဆင့်အထိ ရောက်နေခဲ့တာ ဖြစ်ပါတယ်။

ကိုးကား – Anadolu
Ref; China says it ‘condemns violent acts,’ after shooting incident at White House Correspondents’ Dinner