ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်

မာလီ ကာကွယ်ရေးဝန်ကြီးဟာ သူ့ရဲ့နေအိမ်မှာ တိုက်ခိုက်ခံရပြီး ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေဆုံးသွားပြီဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

နိုင်ငံပိုင်ရုပ်သံကနေတစ်ဆင့် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် အီစာအော့စမန်း ကူလီဘလီက ဖတ်ကြားခဲ့တဲ့ အစိုးရရဲ့ထုတ်ပြန်ချက်မှာ ဝန်ကြီး ဆာဒီယို ကာမာရာဟာ စနေနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ တဲ့ ယုတ်ညံ့တဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတာလို့ အတည်ပြုထားပါတယ်။

အသေခံဗုံးခွဲသမားတစ်ဦးဟာ ကားတစ်စီးပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ပြီး မြို့ တော် ဘာမာကိုအနီးက စစ်ရေးအရ အချက်အချာကျတဲ့ ကာတီမြို့မှာရှိတဲ့ ဆာဒီယိုရဲ့နေအိမ်ကို ဝင်တိုက် ပြီး ဖောက်ခွဲခဲ့တာပါ။

ဆာဒီယိုက တိုက်ခိုက်သူတွေကို ကိုယ်တိုင် ပြန်လည်ခုခံ ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်သမား တချို့ ကို အသေသတ်နိုင်ခဲ့ပေမဲ့ သူကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လို့ သူ့ကို ဆေးရုံကို အရေး ပေါ် ပို့ဆောင်ခဲ့ပေမဲ့ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဆာဒီယိုရဲ့ နေအိမ်ပြိုကျသွားတာကြောင့် တခြားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့သလို အိမ်နီးနား ချင်းဖြစ်တဲ့ ဗလီကျောင်းတစ်ကျောင်းပါ ပျက်စီးသွားခဲ့ပြီး အဲဒီဗလီထဲမှာရှိနေတဲ့ ဝတ်ပြုဆုတောင်းသူတွေ နဲ့ အိမ်နီးနားချင်းတချို့လည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုဝမ်းနည်းစရာကောင်းတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ယာယီသမ္မတဖြစ်သူ ဗိုလ်ချုပ် အာစီမီ ဂွီတာနဲ့အတူ အစိုးရအဖွဲ့နဲ့ မာလီပြည်သူတွေက သေဆုံးသွားသူရဲ့ မိသားစုဝင်တွေအတွက် အထူးဝမ်း နည်းကြောင်း ဖော်ပြထားပါတယ်။

ဆာဒီယို သေဆုံးသွားတာဟာ လုံခြုံရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မာလီစစ်ဘက်ခေါင်း ဆောင်ပိုင်းအတွက်တော့ အတော်လေးကို ထိခိုက်သွားစေတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ သူ့ရဲ့ ဈာပနအခမ်းအနား နဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေက အသေးစိတ် မထုတ်ပြန်သေးပါဘူး။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အိုမာဒီယာရာက ဆာဒီယို အသတ်ခံရပြီးနောက်မှာ အကြမ်းဖက်သ မားတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ခိုက်မှုပေါင်း ၂၀ ကျော်ကို တစ်ပြိုင်နက်တည်း လုပ် ဆောင်ခဲ့ကြတယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ ပြောပါတယ်။

ကိုးကား – Anadolu
Ref; Mali’s defense minister dies of his wounds after attack on his residence