ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
တရုတ် ထိပ်တန်းသံတမန် ဝမ်ယိက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရာမှာ ခိုင်ခိုင်မာမာ ပံ့ပိုးကူညီမယ်လို့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။ ဝမ်ယိဟာ ဒီတစ်ပတ်အတွင်း အရှေ့ တောင်အာရှ သုံးနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာ နိုင်ငံတွေကို ခရီးလှည့်လည်နေတာပါ။
သူက ယခုခရီးစဉ်တွေကနေတစ်ဆင့် ဒေသတွင်း ကြုံတွေ့နေရတဲ့ ဘေး အန္တရာယ်တွေကို ရင်ဆိုင် ဖို့ ဆက်ဆံရေးတွေ ပိုမိုခိုင်မာအောင် လုပ်ဆောင်နေတာဖြစ်သလို တရုတ်နိုင်ငံဟာ အမေရိကန်ထက်ပိုပြီး တည်ငြိမ်တဲ့ မိတ်ဖက်နိုင်ငံ ဖြစ်တယ်ဆိုတာကို ပြသဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။
ဝမ်ယိက မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူတွေ ထောက်ခံမှုရမယ့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဖော်ဆောင်ရာမှာ တရုတ်နိုင်ငံက ကူညီပေးသွားမယ်” လို့ ပြောပါတယ်။
“ဒီနှစ်ဟာ မြန်မာအစိုးရသစ်ရဲ့ ပထမဆုံးသက်တမ်းနှစ် ဖြစ်တာကြောင့် နှစ်နိုင်ငံကြား ရှိပြီးသား ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းပြီး ဆက်ဆံရေးအလားအလာသစ်တွေ ဖော်ဆောင်ဖို့ အခွင့်အရေး ကို အရယူသင့်တယ်” လို့ ၎င်းက ဆိုပါတယ်။
မင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ ဒီလအတွင်းမှာပဲ သမ္မတအဖြစ် ကျမ်းသစ္စာ ဆိုခဲ့ပြီး အရပ်သားရာထူးတစ်ခုကနေ တိုင်းပြည်ကို ဆက် လက်အုပ်ချုပ်နေတာဖြစ်ပါတယ်။
မင်းအောင်လှိုင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တရုတ်နိုင်ငံအပါအဝင် ကိုယ်စားလှယ်တ ချို့ တက်ရောက်ခဲ့ပြီး လေ့လာဆန်းစစ်သူတွေက စစ်အုပ်စုကျင်းပတဲ့ ဒီရွေးကောက်ပွဲကို တရုတ်နိုင်ငံက အကြီးမားဆုံး ထောက်ခံအားပေးခဲ့တာလို့ ဆိုပါတယ်။
ဒီမိုကရေစီစောင့်ကြည့်ရေးအဖွဲ့တွေက ဇန်နဝါရီလမှာ ပြီးစီးခဲ့တဲ့ ဒီရွေးကောက် ပွဲဟာ စစ်အုပ်ချုပ် ရေးကို ပုံစံပြောင်းလဲဖို့ ကြိုးစားတာပဲလို့ ဝေဖန်ကြပါတယ်။
စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေပြီး ရွေးကောက်ပွဲကို လက်မခံတဲ့ တော်လှန် ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတော်များများမှာတော့ မဲပေးတာမျိုး မရှိခဲ့ပါဘူး။ ဝမ်ယိက အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့် စတဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေကို အမြစ်ပြတ် တိုက်ဖျက်ဖို့အတွက် မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ကြီးထွားလာတဲ့ နေရာတစ်ခု ဖြစ်လာခဲ့တာပါ။ ဒီရာဇဝတ်ဂိုဏ်းတွေဟာ အစပိုင်းမှာ တရုတ်စကားပြောသူတွေကိုပဲ ပစ် မှတ်ထားခဲ့ပေမဲ့ နောက်ပိုင်း တစ်ကမ္ဘာလုံးက လူတွေဆီကနေ တစ်နှစ်ကို ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်နေပါတယ်။
ကိုးကား – The Sun
Ref; China pledges firm support for Myanmar security and sovereignty