‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၂၅ ရက်

ရန်ကုန်မြို့ရှိ Yangon War Cemetery တွင် သြစတြေးလျနှင့် နယူးဇီလန် သံရုံးများစုပေါင်းပြီး ယနေ့ ဧပြီ ၂၅ ရက်နေ့မနက်က အာရုံဦးဝတ်ပြုပွဲအခမ်းအနားကျင်းပခဲ့ကြောင်း အဆိုပါသံရုံးကထုတ်ပြန်သည်။
‎‎

နေဝန်းနီ ထွက်ပေါ်လာချိန်တွင် ကျွန်ုပ်တို့သည် တာဝန်သိမှု၊ ရဲဘော်ရဲဘက်စိတ်ဓာတ်၊ သတ္တိနှင့် အောက်မေ့သတိရခြင်း ဟူသည့် Anzac စိတ်ဓာတ် ကို ပြန်လည်ဆင်ခြင်သုံးသပ်ကြကြောင်းပါဝင်သည်။

အဆိုပါတည်ငြိမ်လေးနက်သော အရုဏ်ဦးဝတ်ပြုပွဲတွင် စစ်ပွဲများ၊ ပဋိပက္ခများနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်များ၌ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံသားအားလုံး၏ သတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုနှင့် ထာဝစဉ်တည်တံ့နေမည့် အစဉ်အလာများကိုဦးညွတ်‌ကြကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် မြှုပ်နှံထားရှိသည့် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံသား ၁,၃၈၃ ဦးတို့ကိုသတိရအောက်မေ့မိကြောင်းပါဝင်သည်။

အဆိုပါ‌သေဆုံးများအနက် အများစုမှာ ထိုင်း-မြန်မာ နယ်စပ် သေမင်းတမန် ရထားလမ်းဖောက်လုပ်စဉ်( ဒုတိယကမ္ဘာစစ်) အတွင်း သေဆုံးခဲ့ကြရသူများဖြစ်သည်။

ထို့ပြင် ကျွန်ုပ်တို့၏ ဘုံသမိုင်းကြောင်းကို ပုံဖော်ပေးခဲ့ကြသည့် နိုင်ငံပေါင်းစုံမှ တာဝန်ထမ်းဆောင်ခဲ့ကြသူ အမျိုးသား၊ အမျိုးသမီးများကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ အသက်ပေးခဲ့ကြသည့် ထောင်ပေါင်းများစွာသော သူများကိုလည်း ဘယ်သောအခါမှ မေ့လျော့မည်မဟုတ်ကြောင်းထုတ်ပြန်သည်။

 

ဓာတ်ပုံ – ဩစတြေးလျသံရုံး
#ရန်ကုန် #Yan‎gon #War #cemetery #Anzacday #အထိမ်းအမှတ်သံရုံးများကျင်းပ