ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ကြတဲ့အခါမှာ ထိုင်ဝမ်အ ရေးနဲ့ ပတ်သက်ပြီး အလျှော့ပေးလိုက်မှာကို စိုးရိမ်တယ်လို့ ထိုင်ဝမ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြား ခဲ့ပြီး ဒီလိုမျိုး ဖြစ်မလာအောင်လည်း သူတို့ဘက်က အစွမ်းကုန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖရန်ကိုင်းစ်ဝူးက ဧပြီ ၂၄ ရက်နေ့ Bloomberg သတင်းဌာနနဲ့ အင်တာဗျူးမှာ “ကျွန်တော်တို့ အကြောက်ဆုံးက ရှီကျင့်ဖျင်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆွေးနွေးပွဲမှာ ထိုင်ဝမ်အရေးကို အလဲအလှယ်လုပ်မယ့် စာရင်းထဲ ထည့်လိုက်မှာကိုပဲ” လို့ ပြောပါတယ်။

ဒီလိုမျိုး မဖြစ်အောင် သူတို့အနေနဲ့ အရမ်းစိုးရိမ်သလို ဒါကိုလည်း ရှောင်ရှားနိုင်ဖို့ လိုတယ်လို့ သူ က ဆက်ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ လာမယ့် မေလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အတွင်း ပေကျင်းကို သွားဖို့ရှိနေပြီး သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံကာ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေနဲ့ ဝယ်ယူမှုဆိုင်ရာ ကတိကဝတ်တွေ အများကြီး ပါလာနိုင်တယ်လို့ အများက မျှော်လင့်နေကြပါတယ်။

ဒီခရီးစဉ်ဟာ အီရန်စစ်ပွဲကြောင့်ရော ဒေါ်နယ်ထရမ့်အနေနဲ့ ဝါရှင်တန်မှာရှိနေဖို့ လိုအပ်တာ ကြောင့်ရော မတ်လကုန်ပိုင်းကနေ အခုလို နောက်ဆုတ်လိုက်ရတာ ဖြစ်ပါတယ်။ တရုတ်ကတော့ သူ့ပိုင် နက်လို့ အမြဲပြောနေတဲ့ ဒီမိုကရေစီကျွန်း ထိုင်ဝမ်အရေးကို ရှီကျင့်ဖျင်က အဓိကဦးစားပေး ဆွေးနွေးမှာပါ။

ဒီတွေ့ဆုံပွဲမှာ ရှီကျင့်ဖျင်က ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ဖို့နဲ့ ထိုင်ဝမ်ရဲ့ အခြေအနေကို ပြောင်းလဲဖို့ ဒေါ်နယ်ထရမ့်ကို ဖိအားပေးဖို့ ရှိနေပါတယ်။

အမေရိကန်ကသာ ဒါကို နှုတ်ကတိပေးတာဖြစ်ဖြစ် မူဝါဒကို တရားဝင်ပြောင်းလဲလိုက်တာဖြစ် ဖြစ် လုပ်ခဲ့ရင်တော့ ဒါဟာ တရုတ်အတွက် အကြီးအကျယ် နိုင်ပွဲရလိုက်တာပါပဲ။

ဒီလိုမျိုး အမေရိကန်က အသုံးအနှုန်းတွေ ပြောင်းမသွားအောင် ထိုင်ဝမ်ကို အာမခံချက် ပေးထား တာရှိလားလို့ မေးတဲ့အခါမှာတော့ ဝန်ကြီး ဝူးက “ဘယ်အရာမှတော့ ၁၀၀ ရာခိုင်နှုန်း မသေချာဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။

အိမ်ဖြူတော် အရာရှိတစ်ဦးက ဒေါ်နယ်ထရမ့်အနေနဲ့ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ့် ခရီးစဉ်ဟာ အ လွန်ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပေမဲ့ ထိုင်ဝမ်နဲ့ ဆက်ဆံ ရေးမှာ အရင်က ကျင့်သုံးခဲ့တဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ပြောင်းလဲမှာမဟုတ်ဘဲ ဒီအတိုင်းပဲ ဆက်ရှိ နေမှာပါလို့ ဆိုပါတယ်။

ကိုးကား – The Straits Times
Ref; Taiwan fears it will be ‘on the menu’ at Xi’s summit with Trump