ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်
စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ယနေ့ မနက်ပိုင်း ၈ နာရီ ၁၉ မိနစ်တွင်နေပြည်တော်၌ အင်အားအနည်းငယ်ရှိသော ပမာဏ ၃ ဒသမ သုည ပြင်းအားလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

စစ်ကိုင်းငလျင်နောက်ဆက်တွဲလှုပ်ခတ်မှု ၁၉၅ ကြိမ်မြောက်အဖြစ် ယနေ့ဧပြီ ၂၅ ရက်တွင် နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်၏ အရှေ့မြောက်ဘက် ငါးမိုင်ခန့်ကို ဗဟိုပြုပြီး အနက် ၁၄၄ ကီလိုမီတာကနေ အင်အားအနည်းငယ်ရှိသည့် ပမာဏ ၃ ဒသမ သုညလှုပ်ခတ်သွားကြောင်းသိရသည်။
အဆိုပါငလျင်ပြင်းအားပမဏာတွင် လူအချို့အနေဖြင့် ငလျင်လှုပ်သည်ကို သတိပြုမိခြင်း၊ အဆောက်အအုံများ တုန်ခါခြင်း၊ အိမ်တွင်းအသုံးအဆောင်ပစ္စည်းများတုန်လှုပ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ကြာဖြစ်ပြီသော ရန်ကုန် – မန္တလေး ( အမြန်လမ်း) ပေါ်ရှိ တံတားများပြုပြင်နေမှုအပါအဝင် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတည်ဆောက်ပြုပြင်နေဆဲဖြစ်ပြီး ငလျင်ဒဏ်ခံရသူပြည်သူများ ကိုယ်ထူကိုယ်ထပြန်လည်တည်ဆောက်နေဆဲဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – စစ်ကိုင်းငလျင်လှုပ်ခတ်ပြီး ခြောက်လအကြာ မန္တလေးမြို့မြင်ကွင်း