ဧရာဝတီတိုင်းမ်
ဧပြီ၂၅ ရက်

မြန်မာနိုင်ငံမှာ အကျဉ်းသား ၄,၀၀၀ ကျော် ပြန်လွှတ်ပေးလိုက်တာကို အာဆီယံက သောကြာနေ့ မှာ ကြိုဆိုလိုက်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဖမ်းဆီးခံထားရဆဲ လူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်အရ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ သမ္မတဦးဝင်းမြင့် အပါအဝင် အကျဉ်းသားတွေကို လွှတ်ပေးလိုက်တာဟာ နိုင်ငံအတွင်းမှာရှိတဲ့ အဖွဲ့အ စည်းအားလုံး ပါဝင်နိုင်မယ့် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် ကောင်းမွန်တဲ့ အ လားအလာပဲလို့ ဆိုပါတယ်။

အာဆီယံနိုင်ငံများမှ အကျဉ်းသားတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာကိုလည်း ၎င်းက ကြို ဆိုပြီး၊ အဲဒီလူတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ဘေးကင်းကင်းနဲ့ အမြန်ဆုံး ပြန်ပို့ပေးနိုင်ဖို့ မျှော်လင့်နေ ပါတယ်။

အဖမ်းခံထားရဆဲ လူကုန်ကူးခံရသူတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေ သူတွေအတွက် ၎င်းက စိုးရိမ်နေပါတယ်။

“မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေး အကျပ်အ တည်းကို မြန်မာကိုယ်တိုင် ဦးဆောင်ပြီး ငြိမ်းချမ်းတဲ့၊ ရေရှည်တည်တံ့တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်အောင် ကျွန်တော်တို့က ဆက်ပြီး ကူညီသွားမယ်လို့ ထပ်လောင်း အတည်ပြုပါတယ်” လို့ ထုတ်ပြန်ချက်က ဖော် ပြပါတယ်။

“အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (5PC) ဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့အတွက် အဓိက အခြေခံမူပဲဆိုတာကိုလည်း တစ်သံတည်း အတည်ပြုပါတယ်။ အထူးသဖြင့် အရပ်သားတွေနဲ့ အများပြည် သူဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့လည်း ကျွန် တော်တို့ တောင်းဆိုပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဆီယံအနေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးကို ခွဲခြားမှုမရှိဘဲ ဖြစ်ပွားနေတဲ့ အကြမ်းဖက် မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ပဋိပက္ခတွေ ပိုမဆိုးလာအောင် ရှောင်ကြဉ်ဖို့နဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်း သိမ်းကြဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးကို သေချာအောင်လုပ်ပေးပြီး လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်မယ့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးဖို့လည်း အလေးအနက် တိုက် တွန်းထားပါတယ်။

“မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်မယ့် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့အ တွက် သက်ဆိုင်သူတွေအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အ ထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍက အခုထိ အရေးပါနေဆဲပဲဆိုတာကို ကျွန်တော်တို့ ပြောကြားချင်ပါ တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုးကား – Bernama
Ref; ASEAN Welcomes Myanmar Prisoner Release, Urges Inclusive Dialogue