ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ တိုင်ချန်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်ပြီး ငွေကြေးခဝါချထားတာတွေကို ပြန်သိမ်းဆည်းနိုင်ဖို့ သတင်းပေးနိုင်ရင် ဒေါ်လာ ၁၀ သန်းအထိ ဆုကြေး ပေးမယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ ငွေလိမ်မှုတိုက်ဖျက်ရေးအဖွဲ့ကို ကူညီပံ့ပိုးပေးတာ လည်း ဖြစ်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အဆိုအရ အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ နယ်စပ် ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ အကြီး အကျယ် လိမ်လည်နေကြတာပါ။

အမေရိကန်အစိုးရရဲ့ ခန့်မှန်းချက်အရဆိုရင် ၂၀၂၅ ခုနှစ်မှာ အမေရိကန်နိုင်ငံသားတွေဟာ အရှေ့ တောင်အာရှက ငွေလိမ်ဂိုဏ်းတွေကြောင့် ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံကျော်အထိ ဆုံးရှုံးခဲ့ရတယ်လို့ သိ ရပါတယ်။
အခု ဆုငွေထုတ်ခံရတဲ့ တိုင်ချန်းဆိုတာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ထဲမှာရှိပြီး ခရစ်ပတို ရင်းနှီး မြှုပ်နှံမှု အလိမ်အညာတွေအပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းမျိုးစုံကို အဆောက်အဦအစုအဝေးလိုက် ဖွင့်ပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းစုကြီး ဖြစ်ပါတယ်။
FBI ဟာ ငွေလိမ်ဂိုဏ်းတွေဆီက ပိုက်ဆံတွေကို လိုက်လံစုံစမ်းပြီး နစ်နာသူတွေဆီ ပြန်ရောက် အောင် လုပ်ပေးခဲ့တာပါ။

ရာဇဝတ်ကောင်တွေက လိမ်လို့ရတဲ့ပိုက်ဆံတွေကို ခရစ်ပတိုအဖြစ် ပြောင်းထားလေ့ရှိတဲ့အတွက် အဲဒီပိုင်ဆိုင်မှုတွေကို လိုက်ပိတ်တာက သူတို့ရဲ့လုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်စေပါတယ်။
ဆုငွေထုတ်တဲ့အစီအစဉ်ဟာ အမေရိကန်တရားရေးဝန်ကြီးဌာနရဲ့ တခြားအရေးယူမှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။
မြန်မာပြည်က ငွေလိမ်ဂိုဏ်းတွေကို ဦးစီးနေတဲ့ တရုတ်နိုင်ငံသား နှစ်ယောက်ကို တရားစွဲလိုက် တာ၊ လူကုန်ကူးဖို့သုံးတဲ့ Telegram Channel တစ်ခုကို ပိတ်ပစ်တာနဲ့ ခရစ်ပတိုလိမ်လည်မှုမှာသုံးတဲ့ ဝက်ဘ်ဆိုဒ်ပေါင်း ၅၀၀ ကျော်ကို သိမ်းဆည်းလိုက်တာတွေ ပါဝင်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံမှာ ငွေလိမ်ဂိုဏ်းတွေကို ချုပ်ကိုင်ထား တဲ့ လွှတ်တော်အမတ် Kok An နဲ့ သူနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီ ၂၈ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြု လုပ်ကြောင်း ကြေညာလိုက်ပါတယ်။
ကိုးကား – https://www.state.gov/releases/office-of-the-spokesperson
Ref; Reward Offer of Up to $10 Million for Information Leading to Financial Disruption of Tai Chang Scam Centers in Burma