ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အမှတ်(၁၄)ကာကွယ် ရေးပစ္စည်းစက်ရုံ(ကပစ-၁၄)ကို ရှော့တိုက်ဒုံးများဖြင့် တိုက် ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ချင်းကာကွယ်ရေးတပ် -အရှို(CDF -Asho)က ထုတ်ပြန်သည်။
CDF – Asho နှင့် လူ့ဘောင်သစ် တပ်မတော်(NSA)တို့သည် ပြီးခဲ့သည့် ဧပြီ ၂၀ ရက် မွန်းလွဲ ၂နာရီက စစ် တပ်၏ လက်နက်နှင့် ကျည်ဆန်များ အဓိကထုတ် လုပ်သည့် ကပစ-၁၄ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ရာတွင် ကာကွယ်ရေးပစ္စည်း သိုလှောင်ရုံနှင့် ထုတ်လုပ်ရေးစက်ရုံနေရာများကို ဦးတည်ပစ်ခတ်ခဲ့ရာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးပြီး ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနှင့် အခြားအဆင့် နှစ်ဦးသေဆုံးခဲ့ကြောင်း CDF-Asho က ဆိုသည်။
ထို့အပြင် ရွေးတုအစိုးရ လက်အောက်ရှိတပ်ဖွဲ့ဝင် ၁၃ ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အဆိုပါ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။ CDF-Asho သည် ရခိုင် ပြည်နယ် အမ်းမြို့နယ်နှင့် ဆက်စပ်နေသည့် အမ်-ပဒါန်းလမ်းရှိ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်နှင့်အတူ ပါဝင် တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။
ဓာတ်ပုံ-CDF အရှို