ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဗုဒ္ဓဟူးနေ့မှာ ဟော်မုဇ်ရေလက်ကြားအနီးမှာ သင်္ဘောနှစ်စင်းကို ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီသင်္ဘောတွေဟာ လိုအပ်တဲ့ ခွင့်ပြုချက်တွေမပါဘဲ ခုတ်မောင်းနေတာဖြစ်သလို လမ်းကြောင်း ပြစနစ်တွေကိုလည်း မမှန်မကန် လုပ်ထားတာကြောင့် ဖမ်းရတာလို့ IRGC က ဆိုပါတယ်။ ဒါဟာ အ မေရိကန်၊ အစ္စရေးတို့နဲ့ ပဋိပက္ခတွေ စတင်ပြီးနောက်ပိုင်း အီရန်က ပထမဆုံးအကြိမ် သင်္ဘောတွေကို ဖမ်း ဆီးတာပဲ ဖြစ်ပါတယ်။
အဲဒီသင်္ဘောနှစ်စင်းဟာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တစ်စင်းကတော့ ဂရိပိုင် ကုန်တင်သင်္ဘောဖြစ် ကာ ကျန်တစ်စင်းကတော့ ပနားမားအလံစိုက်ထားတဲ့ သင်္ဘောဖြစ်တယ်လို့ သိရပါတယ်။
အဲဒီသင်္ဘောတွေကို အီရန်ကမ်းခြေဘက်ကို မောင်းနှင်ခိုင်းခဲ့တယ်လို့ အီရန်တော်လှန်ရေးအ စောင့်တပ်က ပြောပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘစ်ဆင့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာကတော့ အခုလို ရေကြောင်းပိတ်ဆို့မှုဟာ အီရန်ရဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို အကျပ်ရိုက်စေသလို အီရန် အစိုးရရဲ့ အဓိက ဝင်ငွေရလမ်းတွေကိုလည်း တိုက်ရိုက်ပစ်မှတ်ထားနေတာလို့ ဆိုပါတယ်။
အီရန်ရဲ့ အကြီးမားဆုံး ရေနံတင်ပို့ရာဗဟိုဌာနဖြစ်တဲ့ ခါ့ခ်ကျွန်း (Kharg Island) ကို သူက ထောက်ပြထားပါတယ်။
နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ အဲဒီကျွန်းပေါ်က ရေနံသိုလှောင်ကန် တွေ ပြည့်သွားတော့မှာဖြစ်လို့ အီရန်ရဲ့ ရေနံတွင်းတွေကိုလည်း ပိတ်ပစ်ရမယ့်အခြေအနေ ရောက်သွားနိုင် တယ်လို့ သူက သတိပေးထားပါတယ်။
အီရန်အစိုးရရဲ့ ရန်ပုံငွေ ရှာဖွေနိုင်စွမ်း၊ ငွေကြေးလွှဲပြောင်းနိုင်စွမ်းနဲ့ နိုင်ငံခြားကနေ ငွေတွေ ပြန်ယူ နိုင်တဲ့စွမ်းရည်တွေကို စနစ်တကျ အားနည်းသွားအောင် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်ပြီး လုပ်ဆောင် သွားမယ်လို့ သူက ပြောပါတယ်။
ကိုးကား – NHK
Ref; Iran seizes two ships in the Strait of Hormuz