ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
မင်းအောင်လှိုင်ဟာ ထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ကောင်းမွန် တဲ့အရာတွေလုပ်ပေးဖို့ စဉ်းစားနေတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဆီဟာဆတ်က ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။
အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စိုးရိမ်မှုကို ပြောပြတဲ့အခါ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန် စွာ ပြုစုစောင့်ရှောက်ထားတယ်လို့ သူ့ကို အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။
“အာဆီယံနိုင်ငံအတော်များများက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြ တာပါ။ ဦးမင်းအောင်လှိုင်က သူမအတွက် ကောင်းမွန်တဲ့အရာတွေ လုပ်ပေးဖို့ စဉ်းစားနေတယ်လို့ ပြော တဲ့အတွက် ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခု ဖြစ်လာနိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ ဦးမင်းအောင်လှိုင်ဘက်က အသေးစိတ်ကိုတော့ ထပ်ပြီး ရှင်းရှင်းလင်းလင်း ပြောမသွား ဘူးလို့ သိရပါတယ်။
“မြန်မာက ပိုကောင်းတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတယ်ဆိုတာ ပြသဖို့ ကြိုးစားနေ တာပါ။ ဒီလိုလုပ်ဆောင်ချက်တွေက အင်မတန် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ က မြန်မာကို အာဆီယံထဲ ပြန်ရောက်လာစေချင်သလို၊ သူတို့ကို ကူညီပေးချင်လို့ပါ။ ဒါပေမဲ့ သူတို့ကိုယ် တိုင်က အစပျိုးပြီး မကြိုးစားဘူးဆိုရင်တော့ ကျွန်တော်တို့လည်း ကူညီပေးဖို့ ခက်ပါလိမ့်မယ်” လို့ ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့နဲ့ အာဆီယံအဖွဲ့နဲ့ ပြန်ပြီး အဆင်ပြေ ပြေ ဆက်ဆံနိုင်ဖို့အတွက် ထိုင်းနိုင်ငံဘက်က ကူညီပေးဖို့ အသင့်ပဲလို့ ဆီဟာဆတ်က ပြောပါတယ်။
ထိုင်းအစိုးရက မျှဝေပေးတဲ့ ဗီဒီယိုထဲမှာ “သူတို့ဘက်က ပိုကောင်းတဲ့ ဦးတည်ချက်တစ်ခုဆီကို သွားနေတယ်ဆိုတာ ပြသဖို့ ကြိုးစားနေတာပါ” လို့ ဆိုသူက ထားပါတယ်။
“ဒီလိုပြောင်းလဲမှုတွေက အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို အာဆီယံထဲ ပြန် ဝင်စေချင်ပြီး ကျွန်တော်တို့ကလည်း ကူညီပေးချင်လို့ပါ။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က မကြိုးစားဘူးဆိုရင် တော့ ကျွန်တော်တို့လည်း ကူညီပေးလို့ မရပါဘူး” လို့ ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံပိုင် MRTV ရုပ်သံဌာနက ဆီဟာဆက်နဲ့ မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံ တဲ့အကြောင်း သတင်းထုတ်လွှင့်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့အချက်ကိုတော့ တစ်လုံး တစ်ပါဒမှ ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။
ကိုးကား – Reuters
Ref: Myanmar considering ‘good things’ for detained Aung San Suu Kyi, Thai minister says