ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်
ထိုင်းဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနုတင်ချန်ဗီရာကူးလ်က ထိုင်း-မြန်မာနယ်စပ်တစ် လျှောက် နေထိုင်ကြတဲ့ ထိုင်းနိုင်ငံသားတွေအတွက် စိုးရိမ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပြီး မြန်မာ နိုင်ငံက တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ကူးစက်မလာစေဖို့ သတိပေးလိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ အနုတင်က မြန်မာနိုင်ငံအတွင်း တိုက်ပွဲ တွေဖြစ်ပွားနေတာကြောင့် နယ်စပ်လုံခြုံရေးအတွက် ညွှန်ကြားချက်အသစ်တွေ ထုတ်ပြန်ထားပြီး အ ဘက်ဘက်ကနေ စိုးရိမ်မှုရှိနေတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်ကို ကျရောက်တာကြောင့် ထိုင်းဒေသခံတွေ ထိခိုက်နေ ရတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အနုတင်က သံတမန်နည်းလမ်းအရ ဆွေးနွေးတာအပါအဝင် ပြည်သူ့ လုံခြုံရေးအတွက် လိုအပ်တဲ့ နည်းလမ်းမှန်သမျှနဲ့ တုံ့ပြန်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
မြန်မာအာဏာပိုင်တွေက အခုဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကြောင့်သာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တမင်တကာ ကျူးကျော်တာမျိုး မဟုတ်ဘူးလို့ အကြောင်းပြန်ထား ကြောင်း သူက ဆိုပါတယ်။
“ဒါကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ တိုက်ပွဲဖြစ်ရင် သူတို့ဘက်ခြမ်းမှာပဲ ဖြစ်ရမယ်။ ထိုင်းနိုင် ငံကို ထိခိုက်တာမျိုး လုံးဝမဖြစ်စေရဘူး” လို့ အနုတင်က ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။
ဧပြီ ၂၀ ရက် မနက်ပိုင်းမှာ မြန်မာစစ်တပ်က Yak-130 နဲ့ MiG-29 တိုက်လေယာဉ်တွေကိုသုံးပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲက KNU ဆေးရုံနဲ့ လူနေအိမ်တွေနားကို လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့ပါတယ်။ အဲဒီနေရာဟာ ထိုင်းနယ်စပ်နဲ့ မီတာ ၅၀၀ အကွာမှာပဲ ရှိတာပါ။
မြန်မာစစ်တပ်က ဗုံးကြဲစဉ်မှာ ဗုံးတစ်လုံးဟာ ထိုင်းနယ်စပ် သံလွင်မြစ်တစ်ဖက်ခြမ်းက ဘန်မေ ဝမ်ရွာနားကို ကျရောက်ခဲ့လို့ ထိုင်းဒေသခံတွေဟာ ထိတ်လန့်တကြားနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ခဲ့ရပါတယ်။
ကိုးကား – Khaosod
Ref; ANUTIN WARNS MYANMAR FIGHTING MUST NOT AFFECT THAILAND