ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

မြန်မာနိုင်ငံမှာ သမ္မတဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄,၀၀၀ ကျော်ကို လွတ်ငြိမ်း ချမ်းသားခွင့်ပြုတဲ့အပေါ် ထိုင်းအစိုးရက ကြိုဆိုလိုက်ပြီး ဒါဟာ ပြန်လည်သင့်မြတ်ရေးအတွက် အလားအ လာကောင်းတဲ့ ခြေလှမ်းတစ်ခုလို့ ပြောပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၇ ရက် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှာ ကြေညာလိုက် တဲ့ ဒီအကျဉ်းသားလွှတ်ပေးမှုဟာ တင်းမာမှုတွေကို လျှော့ချဖို့ ကြိုးစားနေတဲ့အချိန်မှာ အားတက်စရာ ဖြစ်ရပ်တစ်ခုလို့ ပြောပါတယ်။

ဒီလိုလုပ်ဆောင်ချက်ကနေတစ်ဆင့် သက်ဆိုင်သူတွေကြား ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ မြန် မာပြည်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပြန်ရလာအောင် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အာဆီယံရဲ့ ဦးဆောင်မှုနဲ့အတူ မြန်မာပြည်က သက်ဆိုင်သူအားလုံးကြား အပြု သဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာဖို့အတွက် အပြည့်အဝ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျော့ပါးသွားဖို့နဲ့ အချင်းချင်း ဆွေးနွေးမှုတွေ ဖြစ်လာဖို့ သံတမန်ရေး နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပေးနေတာပါ။

မြန်မာ့အရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာနိုင်ဖို့အတွက် အာဆီယံ၊ နိုင်ငံတကာအသိုင်းအဝိုင်း နဲ့ပါ လက်တွဲပြီး ဆက်လုပ်သွားမယ်လို့ ထိုင်းအစိုးရက အတည်ပြုထားပါတယ်။

ကိုးကား – Thai PBS World
Ref; Thailand welcomes Myanmar prisoner amnesty