ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
မြန်မာနိုင်ငံ နှင့် မြန်မာ – အိန္ဒိယနယ်စပ်တွင် ယနေ့ ဧပြီ ၂၁ ရက်နေ့က အင်အားအသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။
ယနေ့ နံနက် ၆ နာရီ ၃၈ မိနစ်က မြန်မာနိုင်ငံ မော်လိုက်မြို့၏ အရှေ့တောင်ဘက် ၂၈ မိုင်အကွာတွင် အနက် ၁၀၆ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအားပမာဏ ၄ ဒသမ ၅ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ရှားသွားကြောင်းသိရသည်။

အလားတူ နံနက်ပိုင်း ၆ နာရီ ၅၉ မိနစ်တွင် မြန်မာ – အိန္ဒိယနယ်စပ်၌ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ပြင်းအားပမဏ ၅ ဒသမ ၁ အင်အားအသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်သွားကြောင်း မိုး/ဇလ က ထုတ်ပြန်သည်။
ဓာတ်ပုံ – မိုး/ဇလ