ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးတစ်လုံးဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ပြည်နယ်အတွင်းကို ကျရောက်ခဲ့တာကြောင့် အနီးနားမှာရှိတဲ့ ဒေသခံတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောကြားပါတယ်။
ဧပြီလ ၂၀ ရက်နေ့ မနက် ၁၁ နာရီမှာ မြန်မာလေတပ်က Yak-130 နဲ့ MiG-29 တိုက်လေယာဉ်တွေ ကို အသုံးပြုပြီး ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဆေးရုံတစ်ရုံနဲ့ အနီးနား က နေအိမ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေရာဟာ မယ်ဟောင်ဆောင်ပြည်နယ် သောဘော်မွေခရိုင်၊ မယ်ဆမ်လပ်တိုက်နယ်ရဲ့ တစ် ဖက်ကမ်း နယ်စပ်နဲ့ မီတာ ၅၀၀ အကွာမှာ ရှိတာပါ။
ဒီတိုက်ခိုက်မှုအတွင်း ကရင်ပြည်နယ် ဖာပွန်မြို့နယ်ထဲက ဦးမိသနဲ့ ဦးစုသကျေးရွာတွေတစ်ဝိုက် မှာ ဗုံး ၉ လုံးခန့် ကြဲချခဲ့တာလို့ သိရပါတယ်။
ဗုံးတစ်လုံးဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျော်ဝင်သွားပြီး မယ်ဆမ်လပ်ဧရိယာရှိ သံလွင်မြစ်အနီး မှာ ကျရောက်ခဲ့တာကြောင့် ဒေသခံတွေအကြား ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မယ်ဆမ်လပ် အခြေစိုက် အမှတ် (၃၆) ခြေလျင်ရဲတပ်ရင်းက တာဝန်ရှိသူတွေနဲ့ မယ်ဆမ်လပ် တိုက်နယ် အုပ်ချုပ်ရေးအဖွဲ့တို့ဟာ ဗုံးကျရောက်တဲ့နေရာ အနီးတစ်ဝိုက်မှာနေထိုင်တဲ့ ထိုင်းနိုင်ငံသား တွေကို မယ်ဆမ်လပ်ရှိ ဟွေကောင်ကတ်ကျေးရွာသို့ အမြန်ဆုံး ရွှေ့ပြောင်း ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး၊ မြန်မာစစ်တပ်ရဲ့ လေ ယာဉ်တွေဟာ မယ်ဟောင်ဆောင်ပြည်နယ်၊ မယ်သရီယောင်ခရိုင်၊ မယ်ယွန်းတိုက်နယ်ရှိ ဘန်သာတာ ဖန်းကျေးရွာရဲ့ တစ်ဖက်ကမ်းက KNU နဲ့ ဆက်နွှယ်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကရင်ဒေသခံတွေဟာ ဗုံးဆန်ထိမှန် ဒဏ်ရာရရှိခဲ့ကြပြီး ဆေးကုသမှုခံယူ ဖို့အတွက် ထိုင်းနိုင်ငံဘက်က မယ်ဆမ်လပ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ကိုးကား – The Straits Times
ဓာတ်ပုံ-Nation
Ref; Villagers evacuated after bomb from Myanmar air raid lands in Thai border province