ဧရာ၀တီတိုင်းမ်
ဧပြီ ၂၀ ရက်
ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်းကေခရို (Sihasak Phuangketkeow) သည် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရန်အတွက် လာမည့်အပတ်တွင် နေပြည်တော်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များကို ကိုးကား၍ Thai PBS World က ဖော်ပြခဲ့သည်။
ထိုင်းနှင့် အတုအယောင်ရွေးကောက်ပွဲကျင်းပခဲ့သည့် မြန်မာနိုင်ငံတို့တွင် အစိုးရသစ်များ ဖွဲ့စည်းပြီး နောက်ပိုင်း ပေါ်ပေါက်လာသည့် ယခုခရီးစဉ်သည်။
သမ္မတအဖြစ် မိမိကိုယ်ကိုယ် အမည်တပ်ထားသူ မင်းအောင်လှိုင်က လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပါအဝင် အကျဉ်းသား ၄,၃၃၅ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပေးခဲ့ချိန်တွင် တိုက်ဆိုင်စွာဖြင့် အဆိုပါ ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဒုဝန်ကြီးချုပ် ဆီဟာဆက်သည် ဧပြီ ၂၂ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ကာ ၂၀၂၅ အတု အယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ရွေးကောက်ပွဲအလွန် မြန်မာ့အခြေအနေများကို အဓိကထား ဆွေးနွေးသွားဖွယ်ရှိကြောင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
ထို့ပြင် ဆီဟာဆက်သည် အာဏာသိမ်းစစ်အုပ်စုက စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရအဖြစ် ကူးပြောင်းပြီးနောက်ပိုင်း နေပြည်တော်သို့ ပထမဆုံး သွားရောက်သည့် အာဆီယံခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။
လက်ရှိတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅ ရွေးကောက်ပွဲအတုမှ ရွေးချယ်ထားသော သမ္မတအဖြစ် တာဝန်ယူထားသည်။
အာဆီယံသည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုအပြီးတွင် မြန်မာစစ်ခေါင်းဆောင်များကို ထိပ်သီးအစည်း အဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။
အာဆီယံအဖွဲ့က မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုထားခြင်းမရှိသော်လည်း ထိုင်းဒုဝန်ကြီးချုပ်၏ ခရီးစဉ်သည် ထိုင်းနိုင်ငံအနေဖြင့် ရွေးတုအစိုးရကို တရားဝင်အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်ဟု ရှုမြင်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကိုးကား-Thai PBS World
Ref;Sihasak to visit Myanmar next week