ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်

မြန်မာနိုင်ငံမှာ အကျဉ်းသား ၄,၅၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ သမ္မတဦးဝင်းမြင့် လွတ်မြောက်လာတာကို ဖိလစ်ပိုင်အစိုးရက တနင်္ဂနွေနေ့မှာ ကြိုဆိုလိုက်ပါတယ်။

“အခုလို ထူးခြားတဲ့ တိုးတက်မှုဟာ မြန်မာနိုင်ငံမှာ အဖွဲ့အစည်းအားလုံးကြား အပြန်အလှန် ယုံ ကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် ပိုကောင်းတဲ့ ပတ်ဝန်း ကျင်တစ်ခုကို ဖန်တီးပေးမယ့် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်” လို့ ဖိလစ်ပိုင် နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ စစ်အာဏာသိမ်းချိန်အထိ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အာဏာပိုင်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ် ၂၇ နှစ်ထဲက ခြောက်ပုံတစ်ပုံကိုလည်း လျှော့ပေါ့ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အထူးသဖြင့် သက် ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို လွှတ်ပေးဖို့ဟာ အလွန်အရေးကြီးတယ်လို့ ဖိလစ်ပိုင် နိုင်ငံက ထပ်လောင်းပြောပါတယ်။

ဒီလိုလွှတ်ပေးတာမျိုးဟာ အဓိပ္ပာယ်ရှိတဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ဖြစ်လာဖို့နဲ့ မြန်မာ့အ ရေး အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဆိုပါတယ်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ အခုလို အကျဉ်းသားတွေကို လွှတ်ပေး လိုက်တာဟာ နောက်ထပ် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဆီ ဦးတည်သွားလိမ့်မယ်လို့ ဖိလစ်ပိုင်က မျှော်လင့်နေပါတယ်။

မြန်မာပြည်သူတွေကိုယ်တိုင် ဦးဆောင်ပြီး အားလုံးပါဝင်နိုင်မယ့် ငြိမ်းချမ်းတဲ့ နိုင်ငံရေးဖြစ်စဉ်တစ် ခု ပေါ်ပေါက်လာဖို့လည်း ဆန္ဒရှိနေပါတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ပြောပါတယ်။

ကိုးကား – GMA News
Ref; PH: Release of ex-Myanmar President U Win Myint ‘constructive step’ for peace