ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

 

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ Wattana Village Hotel တွင် ယနေ့ ဧပြီ ၁၉ ရက် နံနက်ပိုင်းက အပြာရောင်အင်္ကျီလှုပ်ရှားမှု (Blue Shirt Movement) ၁၂ နှစ်ပြည့် အထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအကျဉ်းသားဟောင်း များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် “ပိတောက်နီ သံချပ်ပြိုင်ပွဲ” ၌ ဆုရရှိခဲ့သည့် သံချပ်အဖွဲ့များကို ဆုများချီးမြှင့်ခဲ့ပြီး တော်လှန်ရေး အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြောင်း သိရသည်။

၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) သည် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးခဲ့သော်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်နှင့်ချီသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်သည်။

 

ဓာတ်ပုံ – ကိုအောင်အောင်