ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

ပြီးခဲ့တဲ့ စနေနေ့အစောပိုင်းက ဟော်မုဇ်ရေလက်ကြားအတွင်းမှာ အိန္ဒိယအလံလွှင့်ထူထားတဲ့ သင်္ဘောနှစ်စင်း ပစ်ခတ်ခံခဲ့ရတယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

အိန္ဒိယသတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်အရ အဲဒီသင်္ဘောတွေထဲက တစ်စင်းဟာ အလွန်ကြီးမားတဲ့ ရေနံတင် သင်္ဘောကြီးတစ်စင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရပါတယ်။ သင်္ဘောနှစ်စင်း လုံးဟာ ဟော်မုဇ်ရေလက် ကြားကို ဖြတ်သန်းဖို့ ကြိုးစားနေတုန်းမှာ အီရန်လက် နက်ကိုင်လှေတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာပါ။

ထူးခြားတာက ဒီဖြစ်စဉ်ဟာ ရေလမ်းကြောင်းကို သင်္ဘောတွေသွားလာဖို့ ဖွင့်ပေးထားတယ်လို့ အီရန်က ကြေ ညာခဲ့ပြီး နောက်တစ်ရက်မှာပဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောနှစ်စင်းဟာ အိုမန်နိုင်ငံ အ ရှေ့မြောက်ဘက်မှာ တိုက်ခိုက်ခံရပြီးနောက် နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြို့တော် နယူးဒေလီမှာရှိတဲ့ အီရန်သံ အမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်က အခုလို ကုန်သွယ်ရေးသင်္ဘောတွေအ ပေါ် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပေါ် အိန္ဒိယက အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း အီရန်သံအမတ် ကြီးကို အသိပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကို ဦးတည်လာမယ့် သင်္ဘောတွေ ဟော်မုဇ်ရေလက်ကြားကနေ အမြန်ဆုံး ပြန်လည် ဖြတ်သန်းသွားလာနိုင်အောင် စနစ်တကျ စီစဉ်ပေးဖို့ ၎င်းက အီရန်သံအမတ်ကြီးကို တိုက်တွန်း ခဲ့ပါတယ်။

ကိုးကား – NHK
India: Two ships fired upon in the Strait of Hormuz