Ships and tankers in the Strait of Hormuz off the coast of Musandam, Oman, April 18, 2026. REUTERS

ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

 

အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှုတွေ ဆက်ရှိနေသရွေ့ ဟော်မုဇ်ရေလက်ကြားကို ဆက်ပြီး ပိတ်ထား မှာ ဖြစ်တယ်လို့ အီရန် တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

 

ဟော်မုဇ်ရေလက်ကြားအတွင်းမှာ ရေနံတင်သင်္ဘောတစ်စီးနဲ့ ကုန်သေတ္တာတင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဗြိတိန်ရေကြောင်း ကုန်သွယ် မှုအဖွဲ့ (UKMTO) က ပြီးခဲ့တဲ့စနေနေ့မှာ သင်္ဘောနှစ်စီး တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်း တွေကို လက်ခံရရှိခဲ့ပါတယ်။

 

အိုမန်နိုင်ငံကမ်းလွန်မှာ ရေနံတင်သင်္ဘောတစ်စီးကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပစ်ခတ်ခဲ့ သလို ကုန်တင်သင်္ဘောတစ်စီးမှာလည်း အမျိုးအမည်မသိတဲ့ လက်နက်တစ်ခုနဲ့ ထိမှန်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘေဂါဂါလီဘတ်က အမေရိကန်ရဲ့ ရေတပ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရတဲ့အချိန်မှာ ဟော်မုဇ်ရေလက်ကြားကို ဆက်ဖွင့်ထားမှာမဟုတ်ဘူးလို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

 

ရေလမ်းကြောင်း ဖြတ်သန်းသွားလာခွင့်ကို တီဟီရန်အစိုးရက သတ်မှတ်ထားတဲ့ လမ်းကြောင်း တွေအတိုင်း ခွင့်ပြုချက်ယူပြီးမှသာ သွားလာခွင့်ပေးမယ်လို့ သူက ပြောပါတယ်။

 

အီရန် ဗဟိုစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီရေလမ်းကြောင်းဟာ လက်နက်ကိုင်တပ် ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ဆက်ရှိနေမယ်လို့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

 

ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်သင်္ဘောနဲ့ ကုန်သွယ်ရေးသင်္ဘော အရေအတွက် အကန့် အသတ်ကို စနစ်တကျ ဖြတ်သန်းခွင့်ပေးဖို့ အီရန်က သဘောတူခဲ့ဖူးပေမဲ့ အမေရိကန်က အဲဒီကတိ ကဝတ်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

 

သင်္ဘောတချို့ဟာ အီရန်ရေတပ်ဆီကနေ ရေဒီယိုအကြောင်းကြားမှုတွေ လက်ခံရရှိနေပြီး ဟော်မုဇ် ရေလက် ကြားကို ပြန်ပိတ်လိုက်ပြီဖြစ်ကြောင်းနဲ့ ဘယ်သင်္ဘောကိုမှ ဖြတ်သန်းသွားလာခွင့် မပြုတော့ ဘူးလို့ သိရပါတယ်။

 

ကိုးကား – NHK
Ref; Iran: Strait of Hormuz closed during US blockade