ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်
မွန်ပြည်နယ်၊ သထုံမြို့၊ ကျိုက္ကော်အကောင်းကြိုက်ဆိုင်ကားဝင်းအရှေ့၌ ယနေ့တွင် အဝေးပြေးခရီးသည်တင်ယာဉ်နှင့် light truck ကားတိုက်မှုကြောင့် သံဃာ ရှစ်ပါးပျံလွန်တော်မူပြီး လူ သုံးဦးသေဆုံးကြောင်း မင်းသားကြီး (အဖြူရောင်နှလုံးသားလူမှုကူညီကယ်ဆယ်ရေးအဖွဲ့) ထံမှ သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် light truck ယာဉ်ပေါ်လိုက်ပါလာသူ သံဃာ ခုနှစ်ပါး၊ ကိုရင် တစ်ပါးနှင့် အမျိုးသား သုံးဦးသေဆုံးသွားကြောင်းသိရသည်။

ထို့ပြင်ကျန်ရှိနေသော ထိခိုက်ဒဏ်ရာရသူများက သထုံပြည်သူ့ဆေးရုံကြီးတွင်ကုသမှုခံယူနေပြီး လူနာတစ်ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လွှဲပြောင်းကုသရမည်ဖြစ်ကြောင်း သိရသည်။
မန္တလာအဝေးပြေးခရီးသည်ယာဉ်နှင့် သံဃာတော်များ၊ ကိုရင်နှင့် လူပုဂ္ဂိုလ်များလိုက်ပါလာသည့် light truck ယာဉ်တိုက်မှုတွင် အခြားယာဉ်များထိခိုက်ပျက်စီးသွားကြောင်းသိရသည်။
ဓာတ်ပုံ – မင်းသားကြီး (အဖြူရောင်နှလုံးသားလူမှုကူညီကယ်ဆယ်ရေးအဖွဲ့)