ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်
အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ်ရပ်စဲထားစဉ် ဟော်မုဇ် ရေလက်ကြားကို ကုန်သွယ်ရေး သင်္ဘောအားလုံးအတွက် အပြည့်အဝ ဖွင့်ပေးထားတယ်လို့ အီရန်က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ဆင်နွှဲနေတဲ့ အမေရိကန်-အစ္စရေး စစ်ပွဲကို အ ဆုံးသတ်ဖို့ သဘောတူညီချက်ရရှိရန် အတော်လေး နီးစပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
“လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲထားတာနဲ့အညီ အဲဒီကာလအတွင်း ဟော်မုဇ်ရေလက်ကြားက နေ ကုန်သွယ်ရေးသင်္ဘောအားလုံး ဖြတ်သန်းသွားလာခွင့်ကို အပြည့်အဝ ဖွင့်လှစ်ပေးလိုက်ပြီလို့ ကြေညာ ပါတယ်” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ခ်ချီက သောကြာနေ့မှာ သူ့ရဲ့လူမှုကွန်ရက် X ကနေ ပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့လက်ဘနွန်ကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲဖို့ ကြာသပတေးနေ့နှောင်းပိုင်းက သ ဘောတူညီချက် ရရှိခဲ့ပါတယ်။ အီရန်နဲ့နီးစပ်ပြီး တောင်ပိုင်းလက်ဘနွန်ကို အစ္စရေးကျူးကျော်မှုကို တိုက် ခိုက်နေတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က ဒီအပစ်ရပ်မှုကို အသိအမှတ်ပြု၊ မပြုဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။
ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေအနေနဲ့ အီရန် ဆိပ်ကမ်းနဲ့ ရေကြောင်းပို့ဆောင်ရေး အဖွဲ့က ထုတ်ပြန်ထားတဲ့အတိုင်း သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း သွားကြရမှာဖြစ်တယ်လို့ အာ ရက်ခ်ချီက ဆက်ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုလို ကြေညာချက်ထွက်လာပြီးနောက်မှာတော့ ရေနံဈေးနှုန်းတွေ ဟာ တစ်စည်ကို ဒေါ်လာ ၉၀ အောက်အထိ ကျဆင်းသွားပါတယ်။
ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားဟာ စီးပွားရေးနဲ့ သင်္ဘောသွားလာမှုတွေအတွက် အ ပြည့်အဝ ပြန်ဖွင့်နေပြီဖြစ်ကြောင်း လူမှုကွန်ရက်ကနေ အတည်ပြုခဲ့ပါတယ်။
အီရန်အနေနဲ့ စစ်ပွဲကိုအဆုံးသတ်ဖို့ အမေရိကန်နဲ့ သဘောတူညီချက် မရမချင်းတော့ အီရန်အပေါ် အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့ထားမှုတွေကို အရှိန်အဟုန်မပျက် ဆက်လုပ်သွားမယ်လို့ သူက ဆက် ပြောပါတယ်။
ဒေါ်နယ်ထရမ့်က နောက်ထပ်ပို့စ်တစ်ခုမှာ အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ဘယ်တော့မှ ပြန်မပိတ်တော့ဘူးလို့ သဘောတူညီခဲ့ကြောင်း၊ ဒီရေလက်ကြားကို ကမ္ဘာကြီးအပေါ် လက်နက်တစ်ခုသ ဖွယ် အသုံးချတာမျိုး နောက်ထပ်ရှိတော့မှာ မဟုတ်ပါဘူးလို့ ရေးသားခဲ့ပါတယ်။
အီရန်စစ်ဘက် အဆင့်မြင့်အရာရှိတစ်ဦးက အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်ရဲ့ ခွင့်ပြုချက်နဲ့အတူ စစ်ဘက်ဆိုင်ရာမဟုတ်တဲ့ ကုန်သွယ်ရေးသင်္ဘောတွေကိုပဲ ရေလက်ကြားကနေ ဖြတ် သန်းခွင့်ပြုမယ်လို့ နိုင်ငံပိုင်မီဒီယာကို ပြောကြားခဲ့ပါတယ်။
ကိုးကား – Aljazeera
Ref; Iran foreign minister says Strait of Hormuz ‘completely open’