ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်
ဧပြီလ ၁၇ ရက်နေ့မှာ ထောင်ဒဏ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာတာ့ခ်က ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက် ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း မ တရား ဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ လိုပါတယ်” လို့ သူက လူမှု ကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
မြန်မာပြည်သူတွေအပေါ် မရပ်မနား ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကိုလည်း အဆုံးသတ်ရပါ မယ်” လို့ သူက ဆက်ပြောပါတယ်။
ဧပြီလ ၁၇ ရက်နေ့က မြန်မာစစ်အုပ်စုရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ် ဒဏ်တွေကို လျှော့ပေါ့ပေးခဲ့တယ်လို့ သူမရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရတဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ဟာလည်း ပြစ်ဒဏ်တွေ ကနေ လွတ်ငြိမ်းခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဗော်လ်ကာတာ့ခ်ကတော့ ဦးဝင်းမြင့်နဲ့ တခြားအကျဉ်းသားတွေ မတရားဖမ်းဆီးခံထားရရာကနေ အခုလို နောက်ကျမှရတဲ့ လွတ်မြောက်မှုအတွက်ရော သေဒဏ်ကနေ လျှော့ပေါ့ပေးတာတွေအတွက်ပါ စိတ်သက်သာရာရမိတယ်လို့ ပြောပါတယ်။
ကိုးကား – UCA News
Ref; UN rights chief urges Suu Kyi’s release after sentence cut