ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်
ဧပြီလ ၉ ရက်နေ့က အမေရိကန်ရေတပ်ရဲ့ MQ-4C Triton အမျိုးအစား ကင်းထောက်ဒရုန်းတစ် စင်း ပျက်ကျဆုံးရှုံးခဲ့တယ်လို့ အမေရိကန်ရေတပ်က အတည်ပြုလိုက်ပါတယ်။
ဒီဖြစ်စဉ်ကို ဒေါ်လာ ၂ သန်းထက်မနည်း အထိအခိုက်ပျက်စီးမှုရှိတဲ့ “Class A” အဆင့် အကြီးစား မတော်တဆမှုအဖြစ် သတ်မှတ်ထားပေမဲ့ လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ အမေရိကန်ရေတပ် က ဆိုပါတယ်။
အမေရိကန်ရေတပ်က လုံခြုံရေးအရ ဒီဒရုန်း ဘယ်နေရာမှာ ပျက်ကျတယ်ဆိုတာကို မပြောကြား ပေမဲ့ ဒီဒရုန်းကို နောက်ဆုံးခြေရာခံမိတဲ့အချိန်မှာ နိုင်ငံတကာ ဝေဟင်ပိုင်နက်အတွင်းမှ အီရန်နိုင်ငံဘက် ကို ဦးတည်ပျံသန်းနေတာ ဖြစ်ပါတယ်။
အဆိုပါဒရုန်းဟာ အီရန်ပိုင်နက်ထဲမှာ ပျက်ကျသွားတယ်ဆိုတဲ့ အထောက်အထားမျိုးတော့ အခု ထိ မတွေ့ရသေးပါဘူး။
အမေရိကန်ဒေါ်လာ ၂၃၈ သန်းခန့် တန်ကြေးရှိ အဆိုပါအဆင့်မြင့်ကင်းထောက်ဒရုန်းဟာ ဟော် မုဇ်ရေလက်ကြားအနီး ပါရှန်းပင်လယ်ကွေ့မှာ ကင်းလှည့်နေရင်း လေကြောင်းခြေရာခံဝက်ဘ်ဆိုက်တွေ ပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။
အီတလီနိုင်ငံ Sigonella ရေတပ်စခန်းကနေ ပျံတက်လာတဲ့ ဒီဒရုန်းဟာ အမြင့်ပေ ၅၀,၀၀၀ အထိ ပျံသန်းနိုင်ပြီး ၂၄ နာရီကျော်ကြာအောင် အဆက်မပြတ် ပျံသန်းနိုင်စွမ်းရှိပါတယ်။
ဒီဒရုန်းပျက်ကျမှုဟာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုတွေ လုပ်နေတဲ့အချိန် မှာ ဖြစ်ပွားခဲ့တာပါ။ ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ပြီး အမေရိကန်ဟာ အခုလို ဒရုန်းတွေအပြင် တိုက်လေ ယာဉ်တွေပါ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ကိုးကား – Anadolu
Ref; US confirms loss of $238M surveillance drone during Iran war