ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်

 

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ယနေ့ နှစ်ဆန်းတစ်ရက်တွင် လွတ်ငြိမ်းအမိန့်ဖြင့် ပြန်လည်လွတ် မြောက်လာကြောင်း သိရသည်။

 

နိုင်ငံတဝန်းရှိ အကျဉ်းသား၊ အကျဉ်းသူ ၄၀၀၀ ကျော်ကို ယနေ့ ဧပြီ ၁၇ ရက်နေ့(နှစ်ဆန်းတစ်ရက်)တွင် ခံဝန်ကတိများဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ထောင်ဒဏ် တစ်သက်ချမှတ်ခံထားရသည့် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ လွတ်မြောက်လာခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် အကြမ်းဖက်ဥပဒေပုဒ်မများတပ်၍ ဒါရိုက်တာ ရှင်ဒေဝီကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်များချမှတ်ပြီး အင်းစိန်၏အကျဉ်းထောင်တွင် အကျဉ်းခိထားခဲ့ခြင်းဖြစ်သည်။

ဒါရိုက်တာရှင်ဒေဝီကို စစ်တပ်က ပြည်သူ့အစိုးရ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မှတ်တမ်းများ၊ တေးသီချင်းရုပ်သံများ ထုတ်

 

လုပ်ပေးခဲ့သည့်အတွက် အငြိုးဖြင့် ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အွန်လိုင်းမှ မှာယူထားသည့် ရိုက်ကူးရေးဒရုန်းများ သွားယူစဉ် အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

 

ဒါရိုက်တာရှင်ဒေဝီသည် နယ်စည်းမခြားသတင်း ထောက်များအဖွဲ့က ပေးအပ်သည့် ၂၀၂၅ ခုနှစ်အတွက် Press Freedom Independence Award 2025 သတင်းလွတ်လပ်ခွင့်ဆုကို ရရှိခဲ့ပြီး နိုင်ငံ တကာ ရုပ်ရှင်ပွဲတော်များတွင်လည်း မှတ်တမ်းရုပ်ရှင်ဆုများရရှိထားသည့် ထူးချွန်သူတစ်ယောက်ဖြစ်သည်။