ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်
ဗြိတိန်အခြေစိုက် BBC သတင်းဌာနဟာ လာမယ့် ၂ နှစ်အတွင်း နှစ်စဉ်အသုံးစရိတ်ရဲ့ ၁၀ ရာခိုင် နှုန်းဖြစ်တဲ့ ပေါင် သန်း ၅၀၀ ခန့်ကို ခြွေတာနိုင်ဖို့ ဝန်ထမ်းအင်အား ၂,၀၀၀ အထိ လျှော့ချသွားဖို့ စီစဉ်နေ တယ်လို့ ဧပြီ ၁၅ ရက်က ပြောကြားခဲ့ပါတယ်။
ဒီဝန်ထမ်းအင်အားလျှော့ချမှုဟာ BBC ရဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အကြီးမားဆုံး လျှော့ချမှု ဖြစ်တယ်လို့ သိရပါတယ်။
BBC သတင်းဌာန ယာယီညွှန်ကြားရေးမှူးချုပ် ရော်ဒရီတယ်လ်ဖန်ဒေးဗီးစ်က ဝန်ထမ်းတွေဆီ ပို့ တဲ့ အီးမေးလ်ထဲမှာ “အခုလိုလုပ်ရတာဟာ ဝန်ထမ်းတွေအတွက် စိုးရိမ်ပူပန်စရာတွေ ဖြစ်စေနိုင်တယ်ဆို တာ သိပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း အသိပေးချင်တာပါ” လို့ ပြောပါတယ်။
အခုလိုဝန်ထမ်းအင်အား လျှော့ချရတာဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လိုင်စင်ကြေးနဲ့ စီးပွားရေးလုပ် ငန်းတွေကရတဲ့ ဝင်ငွေအပေါ် ဖိအားရှိလာတာတွေအပြင် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ဖြစ် တယ်လို့ ၎င်းက ရှင်းပြပါတယ်။
သူဟာ ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း တင်မ်ဒေးဗီနဲ့ သတင်းဌာနအကြီးအကဲ ဒီဘိုရာ တားနက်စ်တို့ နုတ်ထွက်သွားပြီးနောက် လစ်လပ်နေတဲ့ ရာထူးနေရာကို ဆက်ခံမှာပါ။
၎င်းတို့နှစ်ဦးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က သမ္မတ ဒေါ်နယ်ထရမ့် ထောက်ခံသူတွေ အ မေရိကန်လွှတ်တော်ကို စီးနင်းခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်မိန့်ခွန်းကို မှားယွင်းစွာ တည်း ဖြတ်ဖော်ပြခဲ့မိတဲ့ အမှားကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ကြတာပါ။
BBC ရဲ့ လုပ်ငန်းလည်ပတ်မှုကို ဗြိတိန်နိုင်ငံမှာရှိပြီး တိုက်ရိုက်ရုပ်သံ ဒါမှမဟုတ် BBC ရဲ့ အစီအ စဉ်မှန်သမျှကို ကြည့်ရှုတဲ့ အိမ်ထောင်စုတိုင်းက ပေးဆောင်ရတဲ့ နှစ်စဉ်လိုင်စင်ကြေးနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။
BBC ကို ၁၉၂၂ ခုနှစ်မှာ ရေဒီယိုဝန်ဆောင်မှုတစ်ခုအနေနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လူထု ကို သတင်းပေးဖို့၊ ပညာပေးဖို့နဲ့ ဖျော်ဖြေမှုပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။
BBC ဟာ လက်ရှိမှာ ဗြိတိန်နိုင်ငံအတွင်း အမျိုးသားအဆင့်နဲ့ ဒေသန္တရ ရုပ်သံလိုင်း ၁၅ လိုင်း၊ နိုင်ငံ တကာ ရုပ်သံလိုင်းတွေ၊ ရေဒီယိုအသံလွှင့်ဌာန ၁၀ ခုအပြင် ဒေသန္တရရေဒီယိုလိုင်း ပေါင်းများစွာကိုပါ လုပ်ကိုင်နေပါတယ်။
BBC ဟာ တစ်ကမ္ဘာလုံးကို အသံလွှင့်ပေးနေတဲ့ World Service ရေဒီယိုနဲ့ iPlayer လိုမျိုး အွန် လိုင်းကနေ ကြည့်ရှုနိုင်တဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကိုလည်း အကျယ်တဝင့် လုပ်ဆောင်နေတာဖြစ် ပါတယ်။
ကိုးကား – AP
Ref; BBC will cut up to 2,000 job