ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်
အမေရိကန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်တာကြောင့် အီရန်နိုင်ငံဟာ တစ်ရက် ကို အမေရိကန်ဒေါ်လာ ၄၃၅ သန်းခန့် ဆုံးရှုံးနိုင်ခြေရှိတယ်လို့ Wall Street Journal သတင်းစာက ဖော်ပြ လိုက်ပါတယ်။
အမေရိကန် သုတေသနအဖွဲ့တစ်ခုက ပညာရှင်တစ်ဦးရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး Wall Street Journal သတင်းစာက တနင်္လာနေ့မှာ အခုလို သတင်းထုတ်ပြန်ခဲ့တာပါ။
အဲဒီအစီရင်ခံစာအရ တစ်ရက်တာ ဆုံးရှုံးမှုပမာဏထဲမှာ အဓိကအားဖြင့် ရေနံစိမ်းနဲ့ ရေနံဓာတု ပစ္စည်း တင်ပို့မှုတွေကနေရမယ့် ဝင်ငွေ ဒေါ်လာ ၂၇၆ သန်းလောက် ဆုံးရှုံးသွားမယ့် အချက်လည်း ပါဝင် နေပါတယ်။
ဒီခန့်မှန်းချက်ဟာ အီရန်နိုင်ငံက တစ်ရက်ကို ရေနံစည်ပေါင်း ၁.၅ သန်း တင်ပို့နေတယ်ဆိုတဲ့ အ ချက်ပေါ်မှာ အခြေခံထားတာပါ။
စစ်ဖြစ်နေချိန် ရေနံဈေးကို တစ်စည် ၈၇ ဒေါ်လာနှုန်းနဲ့ တွက်ထားတာဖြစ်ပြီး အီရန်ရေနံ ၉၀ ရာခိုင်နှုန်းကျော်ဟာ ပါရှန်းပင်လယ်ကွေ့ထဲက ခတ်ကျွန်းကနေတစ်ဆင့် ဖြတ်သန်းသွားတာပါ။ ဒီကျွန်း ဟာ အီရန်ရဲ့ အကြီးဆုံး ရေနံတင်ပို့ရာ အချက်အချာနေရာလည်း ဖြစ်ပါတယ်။
တခြားပညာရှင်တွေကတော့ အီရန်ရဲ့ အမှန်တကယ် ဆုံးရှုံးနိုင်ခြေဟာ မသေချာတဲ့ အချက်အ လက်တွေပေါ်မှာ မူတည်နေတယ်လို့ မှတ်ချက်ပေးပါတယ်။
အဲဒီအထဲမှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုက ဘယ်လောက်အထိ တင်းကျပ်မလဲ ဒါမှမဟုတ် ပေါက် ထွက်သွားနိုင်မယ့် လမ်းကြောင်းတွေ ရှိနေမလားဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။
ကိုးကား – NHK
Ref; Report: US blockade on Strait of Hormuz could cost Iran over $400 million a day