ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်
ယူကရိန်းကို ကူညီပံ့ပိုးပေးဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးတွေနဲ့ တာဝန်ရှိသူ တွေဟာ ဗုဒ္ဓဟူးနေ့မှာ ထပ်မံ ဆွေးနွေးခဲ့ကြပြီး ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေအတွက် အကူအညီတွေ ပိုပြီးတိုးမြှင့်ပေးသွားမဲ့ အစီအစဉ်တွေကို ချမှတ်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး နေတိုးအဖွဲ့ အတွင်းရေးမှူး ချုပ် မာ့ခ်ရုတေးနဲ့အတူ ဂျာမနီ၊ ဗြိတိန်နဲ့ ယူကရိန်းနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ခဲ့ ကြသလို တခြားသူတွေကတော့ အွန်လိုင်းကနေတစ်ဆင့် ပါဝင်ခဲ့ကြပါတယ်။
အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ဖြစ်ပွားနေပေမဲ့ ယူကရိန်းအရေးကို မျက်ခြေမပြတ်ဖို့ အရေး ကြီးကြောင်း မတ်ခ်ရုတေးက အလေးပေးပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့မှာ တခြားရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ အများကြီးရှိနေပေမဲ့ ယူ ကရိန်းအပေါ်ထားတဲ့ အာရုံစိုက်မှုကိုတော့ လျှော့ချလို့မရဘူး” လို့ သူက ဆိုပါတယ်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလေးကလည်း ဒီနှစ်ထဲမှာတင် ဒရုန်းအစင်းရေ ၁၂၀,၀၀၀ ကျော် ပေးအပ်သွားမယ့် အကြီးမားဆုံး ဒရုန်းအကူအညီပေးရေး အစီအစဉ်ကို ကြေညာခဲ့ပြီး ဒီအစီအစဉ် မှာ တိုက်ခိုက်ရေးဒရုန်းတွေ၊ ကင်းထောက်ဒရုန်းတွေပါ ပါဝင်မယ်လို့ သိရပါတယ်။
“ယူကရိန်းအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ တာဝန်ကို အမြဲသတိရပါတယ်။ ရုရှားရဲ့ ကျူးကျော်မှု တွေက ပိုပြီးပြင်းထန်လာတာကို တွေ့ရတဲ့အတွက် ယူကရိန်းကို ကူညီပံ့ပိုးပေးမယ့် ကျွန်တော်တို့ရဲ့ လုပ် ငန်းစဉ်တွေကို ဆက်ပြီး အခိုင်အမာ လုပ်ဆောင်သွားမှာပါ” လို့ ၎င်းက ပြောပါတယ်။
ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်စ်က အဝေးထိန်းစနစ်နဲ့ မောင်းနှင်နိုင်တဲ့ တာ ဝေးသွား ဒရုန်းတွေ ဝယ်ယူဖို့ ယူရို သန်း ၃၀၀ တန်ဖိုးရှိတဲ့ အကူအညီပေးရေး အစီအစဉ်ကို ထောက်ပံ့ပေး မယ်လို့ ပြောကြားခဲ့ပါတယ်။
ကျူးဘားနိုင်ငံမှ တိုက်ခိုက်ရေးသမားတွေဟာ ရုရှားကျူးကျော်စစ်မှာ ပါဝင်ကူညီနေတယ်လို့ အ မေရိကန်သတင်းဝက်ဘ်ဆိုက် Axios က ဖော်ပြလပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ကျူးဘားတိုက်ခိုက်ရေးသမား အင်အား ၁,၀၀၀ ကနေ ၅,၀၀၀ ကြား ရှိနေပြီး ဒါဟာ ရုရှားဘက်ကနေ ကူတိုက်ပေးနေတဲ့ နိုင်ငံခြားသား တွေထဲမှာ အများဆုံးအုပ်စုထဲက တစ်ခုဖြစ်တယ်လို့ဆိုပြီး သူတို့ဟာ သံတမန်ရေးနဲ့ နိုင်ငံရေးအရလည်း အကူအညီတွေ ပေးနေပါတယ်။
ကျူးဘားအစိုးရက ဒီတိုက်ခိုက်ရေးသမားတွေကို တိုက်ရိုက်စေလွှတ်ခဲ့တယ်ဆိုတဲ့ အထောက်အ ထားမျိုး လူသိရှင်ကြား မရှိပေမဲ့ ကျူးဘားအရာရှိတွေကတော့ ဒီလူတွေ သွားရောက်နိုင်ဖို့အတွက် သိ လျက်နဲ့ ခွင့်ပြုထားတာ သို့မဟုတ် ရွေးချယ်ပြီး လမ်းဖွင့်ပေးတာမျိုးတွေလုပ်နေတဲ့ လက္ခဏာတွေ ရှိနေ တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရုရှားဟာ ကျူးဘားအပြင် မြောက်ကိုရီးယားနဲ့ အာဖရိကနိုင်ငံများမှ တိုက်ခိုက်ရေးသ မားတွေကိုပါ အသုံးချပြီး သူတို့ရဲ့ စစ်အင်အားကို ဖြည့်တင်းနေပါတယ်။
ကိုးကား – NHK
Ref; NATO pledges funding, drones to Ukraine