ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်
စစ်ကော်မရှင်၏ နိုင်ငံခြားငွေထိန်းချုပ်မှုနှင့် ငွေကြေးမူဝါဒများကို အဓိကတာဝန်ယူ ဆောင်ရွက်နေသည့် ဗဟိုဘဏ်တွင် ဒုတိယဥက္ကဋ္ဌကို စစ်ကော်မရှင်က အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်ကို ကျန်းမာရေးအကြောင်းပြချက် ဖြင့် တာဝန်မှ အနားယူစေပြီး ၎င်း၏နေရာတွင် မြန်မာ့အာမခံလုပ်ငန်း (စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန) မှ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာစန္ဒာဦးကို အစားထိုးခန့်အပ်လိုက်ကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သော ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့တွင် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်(ယခု အနားပေး ခံရသူ) ၊ ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်အပါအဝင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဒေါက်တာ ရီအေး၊ ဦးတင်မြင့်၊ ဒေါက်တာလှညွန့် ၊ ဒေါက်တာဇော်ဦး (မြန်မာ့ပုံရိပ် ဖော်ညွှန်းရေး အဖွဲ့)တို့ပါဝင်သည်။
လက်ရှိတွင် ဗဟိုဘဏ်သည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အိမ်ခြံမြေဈေးကွက်အတွင်း ငွေသားစီးဆင်းမှု ထိန်းချုပ်ရေးအကြောင်းပြချက်များဖြင့် ပြည်တွင်းဘဏ်များမှ ငွေသားထုတ်ယူမှုကို အလွန်တင်းကျပ်စွာ ကန့်သတ်ထားသည်။
ဓာတ်ပုံ – ဗဟိုဘဏ်
ပုံစာ – လက်ရှိတာဝန်ထမ်းဆောင်နေသော ဗဟိုဘဏ်ဥက္ကဌမဖြစ်ခင်အစောပိုင်းကာလ