ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေနဲ့ ဟော်မုဇ်ရေလက်ကြားအတွင်း ရေမြှုပ် မိုင်းတွေ ထောင်ထားပါက ချက်ချင်းပြန်လည်ဖယ်ရှားဖို့နဲ့ ထိုသို့လုပ်ဆောင်ဖို့ ပျက်ကွက်ပါက မကြုံစဖူး စစ်ရေးနောက်ဆက်တွဲ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
“အကြောင်းအမျိုးမျိုးကြောင့် မိုင်းတွေထောင်ထားခဲ့ပြီး အဲဒါတွေကို ချက်ချင်းပြန်မဖယ်ရှားဘူးဆို ရင် အီရန်အနေနဲ့ တစ်ခါမှမမြင်ဖူးသေးတဲ့ စစ်ရေးနောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ခံစားရလိမ့် မယ်” ဒေါ်နယ်ထရမ့်က Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အဆိုပါမိုင်းတွေကို ပြန်လည်ဖယ်ရှားခြင်းဟာ “မှန်ကန်သောလမ်းကြောင်းပေါ်သို့ လျှောက်လှမ်း တဲ့ ဧရာမခြေလှမ်းတစ်ရပ်” ဖြစ်လာလိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။
အီရန်အစိုးရအနေနဲ့ အဆိုပါ ရေလမ်းကြောင်းအတွင်း မိုင်းများထောင်ထားတယ်ဆိုတဲ့ သတင်းပို့ ချက်မျိုး မိမိတို့ထံတွင် မရှိသေးကြောင်း သူက မှတ်ချက်ပြုခဲ့ပါတယ်။
အမေရိကန်-အစ္စရေးတို့က အီရန်အပေါ် ဆင်နွှဲနေတဲ့စစ်ပွဲကြောင့် လက်တွေ့မှာ ပိတ်ဆို့လုနီးပါး ဖြစ်နေတဲ့ ဟော်မုဇ်ရေလက်ကြားမှာ အီရန်အစိုးရက မိုင်းတွေ ထောင်နေတဲ့သတင်းတွေ ထွက်ပေါ်လာပြီး နောက် အမေရိကန်စစ်တပ်က အဆိုပါရေလက်ကြားအနီးမှာ အီရန်ရဲ့ မိုင်းထောင်ရေယာဉ် ၁၆ စီးကို ဖျက် ဆီးခဲ့ပါတယ်။
အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ မတ်လ ၁၀ ရက်နေ့မှာ ဟော်မုဇ် ရေလက်ကြားအနီး မိုင်းထောင် သင်္ဘော ၁၆ စီး အပါအဝင် အီရန်ရေယာဉ် အများအပြားကို ရှင်းလင်းဖယ်ရှားခဲ့ပါတယ်” လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ယင်းဖော်ပြချက်တွင် သင်္ဘောအမျိုးမျိုးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ပေါက်ကွဲသွားတဲ့ ဗီဒီယိုမှတ်တမ်းတွေလည်း ပါဝင်ပါတယ်။
ကိုးကား – TRT World
Ref; Trump threatens Iran with consequences ‘never seen before’ over Strait of Hormuz mines