ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့နီးကပ်သော အနောက်တောင်ဘက်ဒေသမှာ တာဝေးပစ် တန်ပြန် တိုက်ခိုက်ရေး ဒုံးကျည်တွေကို မတ်လကုန်မှာ စတင်ပြီး ဖြန့်ကြက်တော့မယ်လို့ အစိုးရတာဝန်ရှိသူတွေက မတ်လ ၉ ရက်နေ့တွင် ပြောကြားခဲ့ပါတယ်။

ဂျပန်ကြည်းတပ်အနေနဲ့ ပစ်ခတ်နိုင်သည့်အကွာအဝေး ကီလိုမီတာ ၁,၀၀၀ ရှိသော Type 12 ကမ်းခြေအခြေစိုက် သင်္ဘောဖျက်ဒုံးကျည်များကို ကျူးရှူးဒေသ၊ ကူမာမိုတိုမှာ တပ်ဖြန့်ရန် စီစဉ်ထား ကြောင်း ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် မီနိုရုကီဟာရာက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါ တယ်။

လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ပြီးစီးပါက ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တပ်ဖြန့်ချ ထားမှုနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေကို ရှင်းလင်းသွားမယ်လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ အရှေ့တရုတ်ပင်လယ်အတွင်း ရေတပ်လှုပ်ရှားမှုတွေကို တိုးမြှင့်လာခြင်းကြောင့် ဂျပန်နိုင်ငံက စစ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေပါတယ်။

ဂျပန်နိုင်ငံက တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို ရယူထားလိုပြီး အကယ်၍ ဂျပန်နိုင်ငံ တိုက်ခိုက်ခံရပါ က ရန်သူ့အခြေစိုက်စခန်းတွေကို ထိုဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ ရည်ရွယ်ထားပါတယ်။

ထိုင်ဝမ်ကျွန်းအပေါ် တိုက်ခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားလာပါက တိုကျိုအနေဖြင့် စစ်ရေးအရ ကြားဝင်ဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးချုပ် ဆာနိုင်းတာကာအီချီက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အရိပ်အ မြွက် ပြောကြားခဲ့ပြီးနောက် ဂျပန်နဲ့ပေကျင်းတို့ကြား ဆက်ဆံရေးမှာ လျင်မြန်စွာ ဆိုးရွားလာခဲ့ပါတယ်။

ဝန်ကြီးချုပ် တာကာအီချီရဲ့ ပြောကြားချက် ထွက်ပေါ်လာပြီးနောက်ပိုင်း တရုတ်အစိုးရသည် တို ကျိုအပေါ် စီးပွားရေးအရ ဖိအားပေးမှုတွေ ပြုလုပ်လာခဲ့သလို တရုတ်နိုင်ငံသားများကိုလည်း ဂျပန်သို့ သွားရောက်လည်ပတ်ခြင်း မပြုရန် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဂျပန်ကြည်းတပ်က ဒေသခံလူထုအား ကြိုတင်အသိပေးခြင်းမရှိဘဲ ဒုံးကျည်ပစ်စင်တစ်ခုကို ကူ မာမိုတိုသို့ ညတွင်းချင်း ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြခဲ့ရာ ထိုလုပ်ရပ်ကြောင့် ကန့် ကွက်သူတွေက ဒေသတွင်း စစ်အခြေစိုက်စခန်းတစ်ခုရဲ့ရှေ့တွင် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယခုကဲ့သို့ ဒုံးကျည်များ တပ်ဖြန့်ချထားခြင်းဟာ ထိုဒေသကို ရန်သူရဲ့ တိုက်ခိုက်မှုခံရနိုင်တဲ့ ပစ် မှတ်တစ်ခု ဖြစ်လာစေနိုင်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

ကိုးကား – AFP
Ref; Japan to deploy counter-strike missiles closer to China by end-March