ဧရာဝတီတိုင်းမ်
မတ် ၉ ရက်

အမေရိကန်နဲ့အစ္စရေးရဲ့ အီရန်အပေါ် စစ်ဆင်ရေးဟာ မဖြစ်ခဲ့သင့်ဘဲ မည်သူ့အတွက်မှ မကောင်း တာကြောင့် ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားလိုက်ပါ တယ်။

တနင်္ဂနွေနေ့က လက်ရှိကျင်းပနေဆဲ ပြည်သူ့ညီလာခံရဲ့ ဘေးပန်းဖြစ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ သူက အခုလို ပြောကြားခဲ့တာပါ။

တစ်ဖက်သတ် အရေးယူမှုတွေ သို့မဟုတ် အာဏာရှင်ဆန်ဆန် အနိုင်ကျင့်မှုကို တရုတ်နိုင်ငံက ခိုင်မာစွာ ဆန့်ကျင်ပြီး မှန်ကန်သော သမိုင်းကြောင်းဘက်မှာ ရပ်တည်တယ်လို့ ၎င်းက ဆိုပါတယ်။

အချုပ်အခြာအာဏာကို လေးစားသမှုထားရမှာဖြစ်ပြီး အရှေ့အလယ်ပိုင်းအရေးကို ဒေသတွင်း နိုင်ငံတွေက လွတ်လပ်စွာ ဆုံးဖြတ်သင့်တယ်လို့ ဝမ်ယိက ပြောပါတယ်။

အစိုးရအပြောင်းအလဲလုပ်ဖို့ ကြိုးပမ်းခြင်းဟာ လူကြိုက်များတဲ့ ထောက်ခံမှု ရရှိမှာမဟုတ်ဖူးလို့ သူက ဆက်ပြောပါတယ်။

အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ဟာ ဖြစ်နိုင်သမျှစောပြီး စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ပြန်သင့် ကာ ညီမျှသော တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းသင့်တယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – NHK
Ref; Chinese FM calls for immediate stop to fighting in Middle East