ဧရာဝတီတိုင်းမ်
မတ် ၉ ရက်
ပညာရှင်များညီလာခံက တနင်္ဂနွေနေ့မှာ မော့တာဘာခါမေနီကို အီရန်နိုင်ငံရဲ့ အဓိပတိအဖြစ် ရွေး ချယ်လိုက်တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။
မော့တာခါမေနီဟာ အမေရိကန်-အစ္စရေးရဲ့ အီရန်စစ်ဆင်ရေး အစောပိုင်းမှာ သုတ်သင်ခံရတဲ့ အ ယာတိုလာခါမေနီရဲ့ ဒုတိယမြောက်သား ဖြစ်ပါတယ်။
မော့တာဘာခါမေနီဟာ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ နီးကပ်သောဆက်ဆံရေး ရှိ တယ်လို့ ဆိုပါတယ်။
ကွယ်လွန်သူ အယာတိုလာခါမေနီရဲ့ နေရာကိုဆက်ခံသူဟာ အမေရိကန်နိုင်ငံရဲ့ အတည်ပြုချက် ရယူရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အလီခါမေနီရဲ့နေရာ ဆက်ခံသူဟာ အမေရိကန်ရဲ့ အတည်ပြုချက်မရှိပါက တာရှည်ခံမှာ မဟုတ် ဖူးလို့ သူက ဆိုပါတယ်။
တနင်္ဂနွေနေ့က ABC News နဲ့ ဖုန်းအင်တာဗျူးတစ်ခုမှာ ဒေါ်နယ်ထရမ့်က အခုလို မှတ်ချက်ပြုခဲ့ တာပါ။ ပညာရှင်များညီလာခံက အလီခါမေနီရဲ့ ဒုတိယသားကို အီရန်အဓိပတိအဖြစ် ရွေးချယ်လိုက်ပြီလို့ နောက်ပိုင်းမှာ အီရန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အီရန်အစိုးရဟောင်းနဲ့ ပတ်သက်မှုရှိသူတစ်ဉီးကို အသိအမှတ်ပြုလိုတဲ့ ဆန္ဒရှိပါသလားလို့ မေး မြန်းရာမှာ “ကျွန်တော် ခေါင်းဆောင်ကောင်းတစ်ယောက် ရွေးချယ်ရပါမယ်” လို့ ဒေါ်နယ်ထရမ့်က ဖြေပါ တယ်။
ခေါင်းဆောင်ကောင်းနေရာအတွက် အရည်အချင်းပြည့်မီသူ အများအပြားရှိတယ်လို့လည်း ၎င်း က ဆိုပါတယ်။
ကိုးကား – NHK
Ref; Iran media: Mojtaba Khamenei named as supreme leader