ဧရာဝတီတိုင်းမ်
မတ် ၉ ရက်
အမေရိကန်နဲ့အစ္စရေးဟာ အီရန်နိုင်ငံကို အခြေခံကျကျ ပြိုလဲစေဖို့ ရည်ရွယ်လုပ်ဆောင်နေတယ် လို့ အီရန်လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။
အီရန် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီလာရီဂျာနီက စနေနေ့မှာ နိုင်ငံပိုင်မီဒီ ယာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ အခုလို စွပ်စွဲလိုက်တာပါ။
အီရန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့နောက်ကွယ်တွင် စည်းလုံးညီညွတ်စွာ ရှိနေပြီး ဒေါ်နယ်ထရမ့် အစိုးရအနေနဲ့ တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့ ၎င်းက သတိပေးခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ဗင်နီဇွဲလားနိုင်ငံမှာ အသုံးပြုခဲ့တဲ့ ဗျူဟာဟောင်းကို အီရန်မှာ ထပ်မံအသုံး ပြုဖို့ ကြိုးပမ်းနေတယ်လို့ လာရီဂျာနီက စွပ်စွဲခဲ့ပါတယ်။
အမေရိကန် တာဝန်ရှိသူတွေဟာ အနောက်အာရှဒေသကို အထူးသဖြင့် အီရန်နိုင်ငံအကြောင်းကို နားမလည်ကြဘူးလို့ ၎င်းက ဆိုပါတယ်။
အမေရိကန်တို့အနေနဲ့ တိုက်ခိုက်၊ ထိန်းချုပ်မှုရယူပြီးနောက် အရာအားလုံး ပြီးဆုံးသွားမယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် ယခုအခါ ၎င်းတို့ကိုယ်တိုင် ထောင်ချောက်အတွင်း ပိတ်မိနေပြီလို့ သူက ဆက် ပြောပါတယ်။
တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်သစ်ကို ရွေးချယ်ဖို့ တာဝန်ရှိတဲ့ ပညာ ရှင်များကောင်စီမှ အဖွဲ့ဝင်တစ်ဦးက လာမည့် ၂၄ နာရီအတွင်း အစည်းအဝေးတစ်ရပ် ခေါ်ယူနိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာက အလီခါမေနီရဲ့နေရာ ဆက်ခံမည့်သူကို မကြာမီ ရွေးချယ်တော့မယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ကွန်းမ်မြို့ရှိ အဆိုပါကောင်စီရုံးစိုက်ရာ အဆောက်အအုံမှာ တိုက်ခိုက်ခံခဲ့ရ တယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; Iran security chief: Trump will pay heavy price