ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
အမေရိကန်နဲ့ အီရန်တို့ကြား ပဋိပက္ခကို သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ ဆော်ဒီအာရေးဗီးယား က လိုလားပေမယ့် ၎င်းရဲ့ စွမ်းအင်ကဏ္ဍအပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်ရင် တုံ့ပြန်ဆောင်ရွက်မှုတွေ ပြုလုပ်သွားနိုင်တယ်လို့ အီရန်အစိုးရကို အသိပေးလိုက်ပါတယ်။
အဆိုပါ သတင်းစကားကို အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်က စနေနေ့မှာ မိန့်ခွန်းမပြော ကြားမီ ပေးပို့ခဲ့တာဖြစ်ပါတယ်။
ပီဇက်ရှ်ကီယန်က မိန့်ခွန်းမှာ အီရန်ရဲ့ လုပ်ဆောင်ချက်တွေအတွက် အိမ်နီးချင်း ပင်လယ်ကွေ့နိုင် ငံတွေကို တောင်းပန်ခဲ့ပြီး အရပ်သားပစ်မှတ်များကို ထိမှန်ခဲ့တဲ့ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း ပြည်သူတွေရဲ့ ဒေါသတွေကို လျှော့ချဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့သောနှစ်ရက်က ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင်ဖာဟန်ဟာ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ချီနဲ့ စကားပြောဆိုခဲ့ပြီး ဆော်ဒီအစိုးရရဲ့ ရပ်တည်ချက်ကို ရှင်းလင်း ပြတ်သားစွာ အသိပေးခဲ့ပါတယ်။

တင်းမာမှုတွေ လျော့ကျစေဖို့နဲ့ ညှိနှိုင်းအဖြေရှာဖို့ ရည်ရွယ်တဲ့ မည်သည့် စေ့စပ်ညှိနှိုင်းမှုမျိုးကိုမဆို ဆော်ဒီအာရေးဗီးယားက လက်ခံကြိုဆိုကြောင်း ၎င်းက ပြောပါတယ်။
ဆော်ဒီအာရေးဗီးယား အပါအဝင် အခြားပင်လယ်ကွေ့နိုင်ငံတွေဟာ အီရန်အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ အမေရိကန်အား ၎င်းတို့၏ ဝေဟင်ပိုင်နက် သို့မဟုတ် နယ်မြေတွေကို အသုံး ပြုခွင့် မပေးခဲ့ဘူးလို့ အလေးပေးပြောခဲ့ပါတယ်။
ဆော်ဒီနယ်မြေ သို့မဟုတ် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေအပေါ် အီရန်ရဲ့ တိုက်ခိုက် မှုတွေ ဆက်ရှိနေပါက ဆော်ဒီအာရေးဗီးယားရှိ အခြေစိုက်စခန်းတွေကို စစ်ဆင်ရေးတွေအတွက် အသုံး ပြုဖို့ အမေရိကန်တပ်ဖွဲ့တွေကို ခွင့်ပြုပေးဖို့ ဖိအားပေးခံရလိမ့်မယ်လို့ သူက ဆိုပါတယ်။
အကယ်၍ ဆော်ဒီနိုင်ငံရဲ့ အရေးပါသော စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခံရမှု ဆက်ရှိနေပါက ရီယတ်အနေနဲ့ လက်တုန့်ပြန်သွားမယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
အရတ်ချီက စနေနေ့မှာ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သူဟာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး၊ အခြားသော ဆော်ဒီအရာရှိတွေနဲ့ အမြဲမပြတ် ဆက်သွယ်မှု ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဆော်ဒီ အာရေးဗီးယားအနေနဲ့ ၎င်း၏နယ်မြေ၊ ရေပိုင်နက် သို့မဟုတ် ဝေဟင်ပိုင်နက်တို့ကို အီရန်အား တိုက်ခိုက် ရာမှာ အသုံးပြုခွင့် မပေးဖို့ အပြည့်အဝ ကတိပြုထားကြောင်း အီရန်အစိုးရကို အာမခံထားတယ်လို့ သူက ဆက်ပြောပါတယ်။
အီရန် ယာယီဦးဆောင်မှုကောင်စီအနေနဲ့ အိမ်နီးချင်းနိုင်ငံများဘက်မှ အီရန်အပေါ် တိုက်ခိုက်မှု တွေ စတင်လာခြင်းမရှိပါက အဆိုပါနိုင်ငံများအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်ခြင်းကို ရပ်ဆိုင်းဖို့ အတည် ပြုလိုက်ပြီလို့ ပီဇက်ရှ်ကီယန်က ပြောကြားခဲ့ပါတယ်။
“အီရန်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ထိခိုက်မှုတွေရှိခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကျွန်တော် ကိုယ်တိုင် တောင်းပန်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Saudi has told Iran not to attack it, warns of possible retaliation, sources say