ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်က စစ်ပွဲကို အဆုံးသတ်ဖို့ ကြားဝင်စေ့စပ်မှုအချို့ လုပ် ဆောင်နေပြီလို့ ပြောကြားပြီး နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ ခြွင်း ချက်မရှိ လက်နက်ချဖို့ တောင်းဆိုလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်စကားဟာ ကာလတိုအတွင်း သံတမန်ရေးရာလမ်းကြောင်းသို့ ပြန် လည်ရောက်ရှိနိုင်မယ့် အလားအလာတွေကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်စေခဲ့တဲ့အပြင် ကမ္ဘာ့စွမ်း အင်ဈေးကွက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ရိုက်ခတ်မှုများကလည်း ၎င်းအား စေ့စပ်ညှိနှိုင်းမှုတစ်ခု ရှာဖွေလာဖို့ တွန်းအားမပေးနိုင်ကြောင်း ပြသနေပါတယ်။
“ခြွင်းချက်မရှိ လက်နက်ချတာကလွဲလို့ အီရန်နိုင်ငံနဲ့ ဘာသဘောတူညီချက်မှ ရှိလာမှာမဟုတ် ဖူး” လို့ ၎င်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ပွဲကိုအဆုံးသတ်ရေး နိုင်ငံအချို့က ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းနေပြီ လို့ ပီဇက်ရှ်ကီယန်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သို့သော် ဘယ်နိုင်ငံတွေဖြစ်တယ်ဆိုတာကို အမည်တပ် ပြောဆိုခြင်းမရှိဘဲ မည်သည့် ဆွေးနွေးပွဲ မဆို စစ်ကိုစတင်ခဲ့သူများကိုပါ ထည့်သွင်းစဉ်းစားပြီး ဆွေးနွေးရမယ်လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့စနေနေ့က အမေရိကန်နဲ့အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း ကာ တာ၊ တူရကီ၊ အီဂျစ်နဲ့ အိုမန်နိုင်ငံတို့က ကြားဝင်စေ့စပ်ပေးဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။
ပီဇက်ရှ်ကီယန်က X လူမှုကွန်ရက်ပေါ်မှာ “အချို့နိုင်ငံတွေက ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းလာနေပါ ပြီ။ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောပါရစေ၊ ကျွန်တော်တို့ဟာ ဒေသတွင်း ရေရှည်တည်တံ့တဲ့ ငြိမ်း ချမ်းရေးရဖို့ သန္နိဋ္ဌာန်ချထားသလိုပဲ၊ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို ကာကွယ် ဖို့အတွက်လည်း ဘယ်တော့မှ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး။ ကြားဝင်စေ့စပ်မှုဆိုတာ အီရန်ပြည်သူတွေ ကို အထင်သေးခဲ့ကြသူတွေနဲ့ ဒီပဋိပက္ခကို စတင်မီးမွှေးခဲ့သူတွေကိုပါ ထည့်သွင်းစဉ်းစားပြီး ကိုင်တွယ်ဖြေ ရှင်းရပါလိမ့်မယ်” လို့ ရေးသားခဲ့ပါတယ်။
ပီဇက်ရှ်ကီယန်ရဲ့ မှတ်ချက်စကားတွေ ထွက်ပေါ်လာချိန်မှာ အင်အားချည့်နဲ့နေသော အီရန်ပြုပြင် ပြောင်းလဲရေးဝါဒီအုပ်စုတွေရဲ့ မဟာမိတ်အဖွဲ့က တီဟီရန်အနေနဲ့ အီရန်ဟာ စစ်လိုလားသောနိုင်ငံဖြစ် တယ်ဆိုတဲ့ အမေရိကန်ရဲ့ ဝါဒဖြန့်မှုတွေကို တုံ့ပြန်စိန်ခေါ်နိုင်မည့်အပြင် ပြည်တွင်းရှိ သဘောထားကွဲပြား မှုများကိုပါ လျှော့ချပေးနိုင်မယ့် အဓိပတိတစ်ဦးကို ခန့်အပ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
အီရန်ဥသျှောင် အလီခါမေနီရဲ့နေရာကို ၎င်း၏သားဖြစ်သူ မိုဂျတာဘာခါမေနီက ဆက်ခံမည့်အ ပေါ် ဒေါ်နယ်ထရမ့်က ကန့်ကွက်နေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
ကိုးကား – The Guardian
Ref; Trump demands Iran’s surrender despite mediation claim