ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
အီရန်အပေါ် အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ခိုက်မှု ပထမဆုံး ၁၀၀ နာရီအတွင်း အမေရိကန်ဒေါ် လာ ၃ ဒသမ ၇ ဘီလီယံခန့် သို့မဟုတ် တစ်ရက်လျှင် ပျမ်းမျှ ဒေါ်လာ ၈၉၀ သန်းခန့် ကုန်ကျခဲ့ကြောင်း အမေရိကန်အခြေစိုက် မူဝါဒရေးရာ လေ့လာရေးအဖွဲ့တစ်ခုက ထုတ်ပြန်လိုက်ပါတယ်။
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) က ကြာသပတေးနေ့တွင် ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ အဆိုပါခန့်မှန်းချက်ကို ဖော်ပြခဲ့တာပါ။
ပက်ထရီးယော့စနစ်လိုမျိုး လေကြောင်းရန်ကာကွယ်ရေးအတွက် ခန့်မှန်းချေ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ၊ ဒုံးကျည်နဲ့ အခြားလက်နက်တွေအတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ၊ တိုက်လေယာဉ်တွေနဲ့ လေကြောင်းစစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၁၂၅ သန်း ကုန်ကျခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အမေရိကန်တပ်ဖွဲ့တွေအနေဲ့ ဈေးနှုန်းသက်သာတဲ့ ခဲယမ်းမီးကျောက်တွေကို ပြောင်းလဲအသုံးပြု လာခြင်းနဲ့ အီရန်ဒရုန်းနဲ့ ဒုံးကျည်ပစ်ခတ်မှုတွေ သိသိသာသာ လျော့နည်းသွားခြင်းတို့ကြောင့် နေ့စဉ်စစ်စ ရိတ်တွေ ကျဆင်းလာမယ်လို့ အဆိုပါအစီရင်ခံစာက ဖော်ပြပါတယ်။
အနာဂတ် ကုန်ကျမည့်စရိတ်တွေမှာ စစ်ဆင်ရေးတွေ ပြင်းထန်မှုနဲ့ အီရန်ရဲ့ တုံ့ပြန်တိုက်ခိုက်မှု မည်မျှထိရောက်မှု ရှိသည်ဆိုတဲ့ အချက်များအပေါ်၌သာ အဓိက မူတည်လိမ့်မယ်လို့ အစီရင်ခံစာက ဆိုပါ တယ်။
ဒီမိုကရက်တစ် လွှတ်တော်အမတ်တစ်ဉီးဟာ ကြာသပတေးနေ့က လူမှုကွန်ရက်မှာ စစ်ရေးစရိတ် အကုန်အကျ အလွန်များတာကို ဝေဖန်ခဲ့ပြီး အီရန်စစ်ပွဲဟာ အခွန်ထမ်းပြည်သူတွေကို တစ်ရက်လျင် ၁ ဘီ လီယံနီးပါး ကုန်ကျစေတယ်လို့ ပြောပါတယ်။
အီရန်စစ်ဆင်ရေး ကြာရှည်မှုက အမေရိကန်နိုင်ငံမှာ စိတ်ပျက်စရာတွေ ဖြစ်လာနိုင်တယ်လို့ သိရ ပါတယ်။
ကိုးကား – NHK
Ref; US operation against Iran costs nearly $900 million a day, think tank estimates