ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
အမေရိကန်အစိုးရဟာ အီရန်မှာ စစ်ဆင်ရေး ဆောင်ရွက်ပြီးပါက ကျူးဘားနိုင်ငံကို အရေးယူဖို့ လုပ်ဆောင်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အမေရိကန်နိုင်ငံက အရင်ဆုံး အီရန်စစ်ဆင်ရေးကို ပြီးဆုံးလိုတယ်လို့ အိမ်ဖြူတော်မှာကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ ၎င်းက ပြောပါတယ်။
လူအများအပြား ကျူးဘားနိုင်ငံသို့ နေရပ်မပြန်မီ မေးခွန်းထုတ်ရမယ့် အချိန်တစ်ခုသာဖြစ်မယ်လို့ သူက ဆက်ပြောပါတယ်။
ကျူးဘားနိုင်ငံက သဘောတူညီချက်တစ်ရပ် ပြုလုပ်ဖို့ လိုလားနေတယ်လို့ ဒေါ်နယ်ထရမ့်က အ ခမ်းအနားသို့ တက်ရောက်သူတွေကို ပြောပါတယ်။ ကာရစ်ဘီယံကျွန်းနိုင်ငံ ကျူးဘားကို သိမ်းယူဖွယ်ရှိ တယ်လို့ ၎င်းက ယခင် ပြောဖူးပါတယ်။
အမေရိကန်အစိုးရဟာ ရေနံထောက်ပံ့မှုတွေ ဖြတ်တောက်ခြင်း၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ တင်းကျပ်ခြင်းအားဖြင့် ကျူးဘားနိုင်ငံအပေါ် ဖိအားပေးမှု အရှိန်မြှင့်နေပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်နိုင်ငံကို ရန်လိုသောတိုင်းပြည်တွေအပေါ် စစ် ရေးအရ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဇန်နဝါရီလအစောပိုင်း အမေရိကန်စစ်တပ်ရဲ့ စီးနင်းမှုတစ်ခုအတွင်း ဗင်နီဇွဲလားသမ္မတ နီကိုး လတ်မာဒူရို ဖမ်းဆီးခံခဲ့ရပါတယ်။ ကျူးဘားသို့ ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံတင်ပို့မှုဟာ သိသာစွာ ထိခိုက်ခဲ့ပါ တယ်။
အမေရိကန်ဟာ အစ္စရေးနိုင်ငံနဲ့အတူ အီရန်နိုင်ငံကို စစ်ရေးတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အီ ရန်ဥသျှောင် အယာတိုလာခါမေနီ သေဆုံးခဲ့ပါတယ်။
ကိုးကား – NHK
Ref; Trump hints at taking actions on Cuba after Iran military operations end