‎ဧရာဝတီတိုင်းမ်
‎မတ် ၆ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်းရှိ စစ်ကော်မရှင်၏ လေကြောင်းရန်ကာကွယ်ရေးစခန်း နတ်ရေကန်ဗျူဟာကုန်းတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး စစ်ကော်မရှင်ဘက်က အင်အား အလုံးအရင်းဖြင့် စစ်ကူများ ဆက်တိုက်ပို့ဆောင်နေကြောင်း သိရသည်။

 

နတ်ရေကန်ဗျူဟာ၏ ထောက်ပို့လမ်းကြောင်း နှစ်ခုမှနေ၍ စစ်အင်အားများ တိုးချဲ့စေလွှတ်ထား သော်လည်း ဗျူဟာကုန်းသို့ အလွယ်တကူ ကပ်နိုင်ခြင်းမရှိဘဲ လမ်းကြောင်းတစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“စစ်ကူကတော့ ဆက်တိုက်ပို့နေတယ်။ ဗျူဟာကုန်းမှာ ဘန်ကာဆောက်တဲ့အထိ လမ်းပွင့်သွားပြီး တဲ့နောက်ပိုင်း တိုက်ပွဲအပြင်းအထန် ပြန်ဖြစ်တာ။ လေကြောင်းကနေလည်း တော်တော်လေး တိုက်ခိုက်သွားတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က နတ်ရေကန်ဗျူဟာ၌ စစ်ကော်မရှင်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်က လေကြောင်းပစ်ကူ အလွန်အကျွံသုံး၍ ခုခံခဲ့ရသည်။

 

မတ်လ ၃ ရက်နေ့တွင်လည်း ဂျက်ဖိုက်တာ လေးစင်း၊ Y-12 လေယာဉ် တစ်စင်းတို့ဖြင့် အကြိမ်ရေ ဒါဇင်နှင့်ချီ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် မစခ-၉၀၅ အတွင်းမှ အင်အားအပြည့်ပါသော စစ်ယာဉ်တန်း သုံး စီး ထွက်ခွာမှု ရှိခဲ့ကြောင်း သိရသည်။

‎ပြီးခဲ့သည့် မတ် ၂ရက်နေ့တွင် နတ်ရေကန်ဗျူဟာ၌ စစ်ကော်မရှင်နှင့် AAတို့တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်က လေကြောင်း ပစ်ကူယူ ခုခံခဲ့ကြောင်း သိရသည်။

‎မတ် ၃ရက်နေ့တွင် ဂျက်ဖိုက်တာ ၄စင်း၊ Y12 လေယာဉ်တစ်စင်းတို့ဖြင့် အကြိမ်ရေ ဒါဇင်နှင့်ချီ၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် မစခ ၉၀၅အတွင်းမှ အင်အားအပြည့်ပါ စစ်ယာဉ်တန်း ၃စီး ထွက်ခွါမှုရှိခဲ့သည်။

‎နတ်ရေကန်ဗျူဟာကုန်းနှင့် လမ်းပိုင်းကို စစ်ကော်မရှင်၏ မိုင်းပန်အခြေစိုက် စကခ ၁၇မှတပ်ရင်းများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှတပ်ပျက်လာသည့် တပ်ရင်းများ၊ တပ်မ ၉၉အကြွင်းအကျန် တပ်ဖွဲ့ဝင်များအပြင် တပ်မ ၁၀၁မှ အင်အား ၅၀၀ ခန့်ပါ စစ်ကူအင်အားဖြည့်ထားကြောင်း သိရသည်။

 

နတ်ရေကန်ဗျူဟာကုန်းနှင့် လမ်းပိုင်းအတွက် စစ်ကော်မရှင်ဘက်က မိုင်းပန်အခြေစိုက် စကခ-၁၇ မှ တပ်ရင်းများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ပျက်လာသည့် တပ်ရင်းများ၊ တပ်မ (၉၉) အကြွင်းအကျန် တပ်ဖွဲ့ဝင်များအပြင် တပ်မ (၁၀၁) မှ အင်အား ၅၀၀ ခန့်ပါဝင်သည့် စစ်ကူအင်အားများကို ဖြည့်တင်းထားကြောင်း သိရသည်။

 

ပုံစာ-နတ်ရေကန်ဗျူဟာကုန်းနှင့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)