ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

မြန်မာနိုင်ငံမှာ အားလုံးအတွက် တာရှည်ခံသော ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင် မယ့် မြန်မာကိုယ်တိုင်ဉီးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အိန္ဒိယနိုင်ငံက ထောက်ခံတယ်လို့ ပြည် ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ပြောပါတယ်။

ရန်ကုန်မြို့လယ်မှာရှိတဲ့ အိန္ဒိယနိုင်ငံရဲ့အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ စာဆိုဗိမာန် အဆောက်အ အုံ ဖွင့်လှစ်ပွဲမှာ ၎င်းက အွန်လိုင်းမှတစ်ဆင့် အခုလို ပြောကြားခဲ့တာပါ။

အိန္ဒိယနိုင်ငံဟာ မြန်မာနဲ့ဆက်ဆံရေးကို အလေးထားကြောင်း၊ မြန်မာဟာ အိန္ဒိယရဲ့ ဉီးစားပေး နိုင်ငံခြားရေးမူဝါဒ ၃ ရက်မှာ အဓိကနေရာမှရှိကြောင်း သူက မီးမောင်းထိုးပြပါတယ်။

မြန်မာဟာ အိန္ဒိယနိုင်ငံရဲ့ မဟာဗျူဟာမြောက် အိမ်နီးချင်းတွေထဲ တစ်နိုင်ငံဖြစ်ပြီး ကီလိုမီတာ ၁၆၄၀ နယ်နိမိတ် ထိစပ်နေပါတယ်။

“ပြည်သူ သန်း ၁၄၀၀ ငြိမ်းချမ်း၊ ညီညွတ်စွာနေထိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်လို့ အိန္ဒိယဟာ မြန်မာမှာ သက်ဆိုင်သူတွေကို ဖက်ဒရယ်ဝါဒနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတွေ့အကြုံတွေ ပုံမှန် မျှဝေခဲ့ပါတယ်” လို့ ဂျိုင်ရှန်ကာက ပြောပါတယ်။

“မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးအတွက် တာရှည်ခံသော ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ် စေနိုင်မယ့် အားလုံးပါဝင်သော မြန်မာကိုယ်တိုင်ဉီးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျွန်တော်တို့ ထောက်ခံပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – The Hindu
Ref; India backs a Myanmar-led peace process, says Jaishankar