ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သေဆုံးသွားခဲ့တဲ့ အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာအလီခါ မေနီရဲ့ အရိုက်အရာကို ဆက်ခံမည့်သူအား အီရန်ဘာသာရေးခေါင်းဆောင်များက စိစစ်ရွေးချယ်နေကြစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယင်းရွေးချယ်မှုမှာ ပါဝင်ပတ်သက်လိုတယ်လို့ ပြောပါတယ်။

ခါမေနီရဲ့သားဖြစ်သူမှာ အလားအလာအကောင်းဆုံး ဆက်ခံသူအဖြစ် ရှိနေနိုင်ချေကို ၎င်းက အ သိအမှတ်ပြုထားသော်လည်း “ခါမေနီရဲ့သားကို ခေါင်းဆောင်အဖြစ် တင်မြှောက်တာကို ကျွန်တော့်အနေ နဲ့ လုံးဝ လက်မခံနိုင်ဘူး” လို့ ပြောပါတယ်။

ခါမေနီရဲ့သား မော်ဂျတာဘာခါမေနီသည် လူသိနည်းပြီး လျှို့ဝှက်စွာ နေထိုင်လေ့ရှိသူတစ်ဦး ဖြစ် ပါတယ်။ ၎င်းဟာ ၁၉၆၉ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး မည်သည့်အစိုးရရာထူးကိုမျှ တရားဝင် ထမ်းဆောင် ခဲ့ဖူးခြင်း မရှိသော်လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၊ ဘာဆာ့ဂ်ျပြည်သူ့စစ်တပ်ဖွဲ့တို့နဲ့ နီးကပ် သော ဆက်ဆံရေးရှိပါတယ်။

အယာတိုလာခါမေနီကမူ ၎င်း၏ခေါင်းဆောင်မှုရာထူးကို မျိုးရိုးစဉ်ဆက် ဆက်ခံခြင်းမျိုး မဖြစ်စေ လိုကြောင်း နောက်လိုက်တွေကို ပြောကြားခဲ့ဖူးတယ်လို့ The New York Times သတင်းစာက ဖော်ပြ ထားပါတယ်။

ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံနိုင်ခြေရှိသူများအဖြစ် သတင်းထွက်နေသူအချို့မှာ တရားစီရင် ရေးဌာနအကြီးအကဲ ဂိုလမ်ဟိုစိန် မိုဆန်နီအီဂျေ၊ ကျွမ်းကျင်သူများကောင်စီ ဒုတိယဥက္ကဋ္ဌ အလီရီဇာအာ ရာဖီနဲ့ အီရန်နိုင်ငံကို တည်ထောင်သူ အယာတိုလာ ရူဟော်လာခိုမေနီရဲ့ မြေးဖြစ်သူ ဟာဆန်ခိုမေနီတို့ ဖြစ်ပါတယ်။

မိုဆန်နီအီဂျေဟာ ဆန္ဒပြသူတွေကို သေဒဏ်ပေးဖို့ လိုလားသူဖြစ်ကြောင်း သိရပါတယ်။ အာရာဖီ မှာ နိုင်ငံရေးနဲ့ ကင်းကွာအောင် နေထိုင်သူဖြစ်သဖြင့် သဘောထားတင်းမာသူတွေ၊ အလယ်အလတ်ဝါဒီ တွေရဲ့ ထောက်ခံမှုကို ရရှိနိုင်ပြီး ဟာဆန်ခိုမေနီမှာမူ ဘာသာရေးဆိုင်ရာ ဗဟုသုတ အားနည်းချက်ရှိတယ် ဆိုတဲ့ အကြောင်းပြချက်ဖြင့် ကျွမ်းကျင်သူများကောင်စီမှာ ပါဝင်ခွင့် ပိတ်ပင်ခံထားရသူဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကမူ ခါမေနီရဲ့ မူဝါဒများကို ဆက်လက်ကျင့်သုံးမယ့် မည်သည့် အီရန်ခေါင်း ဆောင်သစ်ကိုမဆို လက်ခံရန် ငြင်းဆိုကြောင်း Axios သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ထိုသို့သော ခေါင်းဆောင်မျိုး တက်လာပါက နောက်ထပ် ၅ နှစ်အတွင်း အမေရိကန်အနေဖြင့် စစ် ပွဲအတွင်းသို့ ပြန်လည်ရောက်ရှိသွားစေလိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – NHK
Ref; Media: Trump wants to pick Iranian new leader