ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
အမေရိကန်၊ အစ္စရေးတို့နဲ့ ဖြစ်ပွားနေတဲ့ လက်ရှိစစ်ပွဲဟာ ကျူးကျော်မှုတွေ ရပ်လိုက်မှသာ ပြီးဆုံး မယ်လို့ အီရန်အစိုးရက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ်ဘာဂါယီက တီဟီရန်မြို့တော်မှာ အမေရိကန်နဲ့အစ္စရေးတို့ ဗုံးကြဲမှုကြောင့် ပျက်စီးသွားတဲ့ မူလတန်းကျောင်းတစ်ကျောင်းသို့ သတင်း ထောက်တွေကို ခေါ်သွားပြီး အခုလို ရှင်းပြခဲ့တာပါ။
“ဒီစစ်ပွဲကို အီရန်က စတာမဟုတ်ဘူး။ ကျွန်တော်တို့က သံတမန်နည်းလမ်းနဲ့ပဲ ဖြေရှင်းချင်ခဲ့တာ ပါ” လို့ ၎င်းက အခိုင်အမာ ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် အကြီးအကျယ် ထိုး စစ်ဆင်ခဲ့တာကြောင့် အဓိပတိ အလီခါမေနီနဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးတွေ အပါအဝင် လူ ပေါင်း (၈၀၀) နီးပါး သေဆုံးခဲ့တယ်လို့ အီရန်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ဒီတိုက်ခိုက်မှုဟာ အိုမန်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အမေရိကန်နဲ့ အီရန်တို့အကြား တတိယအ ကြိမ်မြောက် နျူကလီးယားဆွေးနွေးပွဲ ပြီးပြီးချင်း ရက်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လအတွင်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ အတွေ့အကြုံတွေရှိ တာကြောင့်၊ အီရန်ပြည်သူအများစုဟာ အမေရိကန်နဲ့ ဆွေးနွေးပွဲလုပ်တာကို အရင်ကတည်းက ကန့်ကွက် ခဲ့ကြတယ်လို့ ဘာဂါယီက ဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမြန်ဆုံး ကြားဝင်ပေးကြဖို့ လည်း ၎င်းက တောင်းဆိုလိုက်ပါတယ်။
အီရန်နိုင်ငံက တိုက်ပွဲမှာ ရှိသမျှ အင်အားအကုန်သုံးပြီး တိုက်သွားမယ်လို့ သန္နိဋ္ဌာန်ချထားပြီး လက်ရှိမှာတော့ နိုင်ငံကို ရန်သူ့ရန်ကနေ ကာကွယ်ဖို့ကိုပဲ အဓိက အာရုံစိုက်ထားတယ်လို့ သူက ပြောပါ တယ်။
နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဘာမှမလုပ်ဘဲ လျစ်လျူရှုနေတဲ့အပေါ် အီရန်အနေနဲ့ ထပ်ခါတလဲလဲ သတိပေးခဲ့ဖူးတယ်လို့ သူက ဆက်ပြောပါတယ်။
အီရန်ဟာ အစ္စရေးနိုင်ငံနဲ့ ဒေသတွင်းရှိ အမေရိကန်စစ်ဘက်စခန်းတွေကို ပစ်မှတ်ထားပြီး ဒုံး ကျည်တွေ၊ ဒရုန်းတွေနဲ့ (၁၅) ကြိမ်တိုင်တိုင် အကြီးအကျယ် လှိုင်းလုံးကြီးသဖွယ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ အစ္စရေးကိုသာမက ဘာရိန်း၊ ကာတာ၊ ယူအေအီး၊ ဂျော်ဒန်၊ အီရတ်၊ ကူဝိတ်နဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတွေမှာရှိတဲ့ ပစ်မှတ်တွေကိုပါ ထိမှန်ခဲ့တာပါ။
ကိုးကား – Anadolu
Ref; Iran says war will end when US-Israeli ‘aggression’ stops