ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

အမေရိကန်နဲ့အစ္စရေးရဲ့ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း ပဋိပက္ခများ ပိုမို ကျယ်ပြန့်လာနေချိန် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ ပြင်ပဝင်စွက် ဖက်မှုတွေကို ဆန့်ကျင်ရာမှာ စည်းလုံးညီညွတ်ကြဖို့ မတ်လ ၂ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

အိုမန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းဖြင့်ပြောဆိုရာမှာ ဝမ်ယိက ပင်လယ်ကွေ့နိုင်ငံတွေအနေဖြင့် စည်းလုံးညီညွတ်မှုကို အားကောင်းစေပြီး အိမ်နီးချင်းကောင်း ဆက်ဆံရေးကို တည်ဆောက်ခြင်းဖြင့် မိမိ တို့၏ အနာဂတ်နဲ့ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်စေဖို့ တိုက်တွန်းခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရက်ချီနဲ့ ဖုန်းဖြင့်စကားပြောဆိုရာမှာ ဝမ်ယိက အီရန်နိုင် ငံအနေနဲ့ နိုင်ငံတော်နှင့် လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း၊ အိမ်နီးချင်းနိုင်ငံ တွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း အလေးအနက်ထား ဆောင်ရွက်စေလိုတယ်လို့ ပြောပါတယ်။

ဝမ်ယိက အချုပ်အခြာအာဏာနဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်မယ့် ပင်လယ် ကွေ့နိုင်ငံတွေရဲ့ ကြိုးပမ်းချက်တွေကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း၊ အီရန်နိုင်ငံအနေနဲ့ တ ရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်မှုကို ထောက်ခံကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့က ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းဖြင့်ပြောဆိုရာမှာ ဝမ်ယိက ဒေသတွင်း တင်းမာမှုတွေ လျော့ကျသွားစေဖို့ ပြင်သစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့မှာ ဝမ်ယိက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ အလီခါမေနီအား သတ်ဖြတ်မှုဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း ရှုတ်ချခဲ့ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ တောင်းဆိုခဲ့ပါတယ်။

အီရန်နိုင်ငံမှာ ဖြစ်ပွားခဲ့သော ပဋိပက္ခတွေအတွင်း တရုတ်နိုင်ငံသား တစ်ဦး သေဆုံးခဲ့ရပြီး တရုတ် နိုင်ငံသား ၃,၀၀၀ ကျော်ကိုလည်း အီရန်နိုင်ငံမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း တရုတ်နိုင် ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားခဲ့ပါတယ်။

အမေရိကန်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအား ကြိုတင်အကြောင်းကြား ခြင်း မရှိခဲ့ကြောင်းလည်း ၎င်းက ထပ်လောင်းပြောပါတယ်။

အီရန်နိုင်ငံသို့ အသံထက်မြန်သော သင်္ဘောဖျက်ဒုံးကျည်များ ရောင်းချမယ့် သဘောတူညီချက် ရရှိတော့မယ်ဆိုတဲ့ သတင်းတွေကိုလည်း ၎င်းက ငြင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Jia Guide က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေနဲ့ အီ ရန်ခေါင်းဆောင်အား သတ်ဖြတ်မှုဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အခြေခံမူတွေနဲ့ အီရန်ပြည်သူတွေ ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်
ကြောင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; China urges Gulf states to unite against external interference amid widening conflict