ဧရာဝတီတိုင်းမ်
မတ် ၃ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အီရန် နိုင်ငံသို့ အမေရိကန်မြေပြင်တပ်ဖွဲ့တွေ စေလွှတ်မည့်အရေး ငြင်းဆိုခြင်း မပြုခဲ့ဘဲ လိုအပ်ပါက စေလွှတ်ဖို့ စဉ်းစားမယ်လို့ ပြောကြားခဲ့ပါတယ်။
မြေပြင်တပ်ဖွဲ့တွေ စေလွှတ်ဖို့ တွန့်ဆုတ်နေခြင်းမျိုး မရှိဘူးလို့ ဒေါ်နယ်ထရမ့်က ဆိုပြီး သမ္မတ ဟောင်းတွေနဲ့မတူဘဲ အီရန်နိုင်ငံအတွင်း တပ်ဖွဲ့တွေ စေလွှတ်ဖို့ လုံးဝ ငြင်းပယ်မည်မဟုတ်သလို ဖြစ်နိုင် ခြေနည်းသော်လည်း လိုအပ်ပါက အသုံးပြုသွားမယ်လို့ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်း ဝါရှင်တန်ဒီစီရှိ ပင်တဂွန်စစ်ဌာနချုပ်မှာ တွဲဖက် စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းနဲ့အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် မြေပြင်တပ်ဖွဲ့ တွေ စေလွှတ်ရေးနဲ့ ပတ်သက်ပြီး ငြင်းဆိုခြင်း မပြုခဲ့ပါဘူး။
“ကျွန်ုပ်တို့ ဘယ်လောက်အထိ လုပ်ဆောင်မယ်ဆိုတာကို လူသိရှင်ကြား ကြိုတင်ထုတ်ဖော် ပြော ဆိုဖို့ မျှော်လင့်ခြင်းမှာ အမြော်အမြင်နည်းပါးရာ ရောက်ပါတယ်” လို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့ ဘာလုပ်မယ် ဘာမလုပ်မယ်ဆိုတာကို ကြိုတင်ကြေညာနေမယ့် အစီအစဉ်မျိုး မရှိပါ” လို့ ၎င်းက ဆက်ပြောပါတယ်။
အဆိုပါမှတ်ချက်ဟာ အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေ “Operation Epic Fury” လို့ အမည်ပေး ထားတဲ့ အီရန်နိုင်ငံအပေါ် အကြီးစား စစ်ရေးလှုပ်ရှားမှုများကို စတင်ခဲ့ပြီး ရက်ပိုင်းအကြာတွင် ထွက်ပေါ် လာတာပါ။
အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၅၅၅ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း အီရန်နိုင်ငံပိုင် မီဒီယာတွေက အီရန်ကြက်ခြေနီအသင်းအား ကိုးကား၍ ဖော်ပြခဲ့ပါတယ်။
သေဆုံးသူတွေထဲတွင် မီနာဘ်မြို့တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှု ကြောင့် ကလေးငယ် ၁၀၀ ကျော်လည်း ပါဝင်ခဲ့သည်။
အီရန်နိုင်ငံရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် အမေရိကန်စစ်သည် ၆ ဦးထက်မနည်း သေဆုံး ခဲ့ပြီး အီရန်ရဲ့ ဒုံးကျည်နဲ့ဒရုန်း တိုက်ခိုက်မှုတွေကြောင့် အစ္စရေးနိုင်ငံမှာ လူပေါင်း ၁၁ ဦး သေဆုံးခဲ့ပါတယ်။
ကိုးကား – Time
Ref; Trump Says He Would Deploy Ground Troops to Iran “If Necessary”