ဧရာဝတီတိုင်းမ်
မတ် ၂ ရက်
အမေရိကန်နဲ့ အစ္စရေးနဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဟာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာရော့ဗ်နဲ့ ဖုန်းပြောဆိုခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။
အီရန်နဲ့ အမေရိကန်ကြား စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေချိန် အမေရိကန်နဲ့ အစ္စရေးက တိုက် ခိုက်မှုတွေ လုပ်ဆောင်တာဟာ လက်သင့်ခံစရာမရှိဘူးလို့ ဝမ်ယိက ပြောပါတယ်။
အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ကို ပေါ်တင် သတ်ဖြတ်တာနဲ့ အစိုးရအ ပြောင်းလဲလုပ်ဖို့ ကြိုးပမ်းတာဟာ လက်သင့်ခံစရာမရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
စစ်ဆင်ရေးတွေ ချက်ချင်း ရပ်ဆိုင်းဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေ အမြန်ဆုံး ပြန်လည်ပြုလုပ်ဖို့နဲ့ တစ်ဖက်သတ် အရေးယူမှုတွေကို ဆန့်ကျင်တဲ့ အီရန်အရေး တရုတ်ရဲ့ရပ်တည်ချက်ကို ဝမ်ယိက ရှင်းပြခဲ့ တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်မှုကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး ရုရှားဟာ တရုတ်ရဲ့ရပ်တည်ချက်နဲ့ အတူရှိတယ်လို့ လာရော့ဗ်က ဝမ်ယိကို ပြောပါ တယ်။
စစ်ပွဲ ချက်ချင်း အဆုံးသတ်ရေးနဲ့ သံတမန်ရေး ဆွေးနွေးမှုတွေ ပြန်လည်ပြုလုပ်ရေး တောင်းဆို ဖို့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ဆက်သွယ်မှု အရှိန်မြှင့်ဖို့ ရုရှားနိုင်ငံက အဆင်သင့်ရှိတယ်လို့ လာ ရော့ဗ်က ဆိုပါတယ်။
ကိုးကား – NHK
Ref; Top Chinese and Russian diplomats discuss US-Israel strikes on Iran