ဧရာဝတီတိုင်းမ်
မတ် ၂ ရက်
အီရန် အဓိပတိ အလီခါမေနီ သေဆုံးပြီးနောက် အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေပါတယ်။ စစ်ပွဲဟာ နောက်ထပ် ၄ ပတ်အထိ ကြာမြင့်နိုင်တယ်လို့ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ်လို့ အီရန်နိုင်ငံက ကြေညာပြီးနောက် ပဋိပက္ခဟာ အရှိန်မြှင့်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံက အီရန်စစ်သင်္ဘော (၉) စင်းကို ဖျက်ဆီးခဲ့ပြီး အစ္စလာမ္မစ် တော်လှန်ရေးအ စောင့်တပ်ဖွဲ့ကို လက်နက်ဖျက်သိမ်းဖို့ ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။
ရည်မှန်းချက်အားလုံး အောင်မြင်သည်အထိ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်မယ်လို့ သူက ဆိုပါတယ်။ “ကိုယ့်တိုင်းပြည်ကို ပြန်ယူဖို့ ဒီအခိုက်အတံ့ကို ရယူကြဖို့ အီရန်ပြည်သူတွေကို တိုက်တွန်းပါ တယ်။ အမေရိကဟာ အီရန်ပြည်သူတွေနဲ့ အတူရပ်တည်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
Fury စစ်ဆင်ရေးရဲ့ ၂၄ နာရီအတွင်း ပစ်မှတ် ၁၀၀၀ ကျော်ကို ပစ်ခဲ့သလို တပ်ဖွဲ့ဝင် ၃ ဉီး လည်း ကျဆုံးခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။
အီရန်သမ္မတ မာစွပ်ပီဇက်ကီယန်က တနင်္ဂနွေနေ့မှာ ရုပ်သံကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အီရန်စစ်တပ်ဟာ ရန်သူ့အခြေစိုက်စခန်းတွေကို ဖျက်ဆီးနိုင်ရေး အင်အားပြည့် စစ်တိုက်နေရာ ရန်သူမှာ မျှော်လင့်ချက်မဲ့နေပြီလို့ ပြောပါတယ်။
အီရန်နိုင်ငံက အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham ကို ဒုံးကျည်လေးစင်းနဲ့ တိုက် ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။
လေယာဉ်တင်သင်္ဘော တိုက်ခိုက်ခံရခြင်းမရှိသလို အီရန်ဒုံးကျည်တွေ လေယာဉ်တင်သင်္ဘောနား ပင် ရောက်လာခြင်းမရှိဘူးလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။
ရန်လိုသော ရန်သူ့ရေကြောင်းပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ် လို့ အီရန်နိုင်ငံက ပြောပါတယ်။
ပါရှားပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားမှာ ဗြိတိန်နဲ့ အမေရိကန်မှ ရေနံတင်သင်္ဘောသုံးစင်း ဒုံးကျည်တွေ ထိမှန်ကာ မီးလောင်ခဲ့တယ်လို့ အီရန်နိုင်ငံက ပြောပါတယ်။
တနင်္ဂနွေနေ့က အီရန်ဒုံးကျည်တစ်စင်း ဂျေရုဆလင်မြို့တော်ရှိ လူနေဧရိယာတစ်ခုကို ထိမှန်ခဲ့ရာ လူ (၉) ဉီး သေဆုံးခဲ့ပြီး စနေနေ့က တဲအဗစ်မြို့မှာ လူတစ်ဉီး သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာ တွေက ဖော်ပြပါတယ်။
အီရန်နိုင်ငံက ပင်လယ်ကွေ့ဒေသ တိုင်းပြည်များရှိ အမေရိကန် စစ်ဘက်စခန်းတွေနဲ့ စစ်ဘက်အ ဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။
အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံခြားသားတစ်ဉီး သေဆုံးခဲ့တယ်လို့ ယူအေ အီးနိုင်ငံက ပြောပါတယ်။
ကိုးကား – NHK
Ref; Strikes on Iran intensify, Trump says fighting could last weeks