ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်

နေတိုးတပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတန်ုနိုင်ငံမှာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေမှာ မရှိခဲ့ဘူးဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့မှတ်ချက်ဟာ အလွန် စိတ်ပျက်ဖို့ကောင်းတယ်လို့ ဗြိတိန်ဝန်ကြီးတစ် ဉီးက သောကြာနေ့မှာ ပြောကြားခဲ့ပြီး ဥရောပစစ်သားများစွာဟာ အမေရိကန်ဉီးဆောင်တဲ့ စစ်ဆင်ရေးကို ပံ့ပိုးကူညီရင်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ မဟာမိတ် မလိုအပ်ခဲ့ပဲ မဟာမိတ်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံရှိ ရှေ့တန်း စစ်မျက်နှာပြင်ကနေ ရှောင်နေခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က Fox News နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

“ဗြိတိန်စစ်သားတွေ၊ ဥရောပ နေတိုးမဟာမိတ်အဖွဲ့မှ စစ်သားများစွာဟာ အာဖဂန်နစ္စတန်နဲ့ အီ ရတ်လိုနေရာတွေမှာ အမေရိကန်ဉီးဆောင်တဲ့ မစ်ရှင်တွေကို ပံ့ပိုးကူညီရင် ကျဆုံးခဲ့ရပါတယ်” လို့ ဗြိတိန် ဝန်ကြီး စတီဖင်ကင်းနော့ခ်က ပြောပါတယ်။

“စစ်တပ် လုပ်ဆောင်ခဲ့တာတွေနဲ့ သူတို့ပေးဆပ်ခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဝေဖန်ဖို့ ကြိုး စားတဲ့ ဘယ်သူမဆိုဟာ လုံးဝကို မှားယွင်းနေတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ သူက ဆိုပါတယ်။

ဗြိတိန်နိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ တပ်ဖွဲ့တွေကို နှစ် (၂၀) ဖြန့်ကြက်ထားစဉ် တပ်ဖွဲ့ဝင် (၄၅၇) ဉီး ဆုံးရှုံးခဲ့ပါတယ်။
ကနေဒါတပ်ဖွဲ့ဝင် (၁၅၀) ဉီး၊ ပြင်သစ်တပ်ဖွဲ့ဝင် (၉၀) ဉီး၊ ဒိန်းမိတ်တပ်ဖွဲ့ဝင် (၄၄) ဉီး အာဖဂန် နစ္စတန်နိုင်ငံမှာ ကျဆုံးခဲ့ရာ နေတိုးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်ကျဆုံးမှု အများဆုံးထဲကတစ်ခု ဖြစ်ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ‘အဖွဲ့ဝင်တစ်နိုင်ငံကို တိုက်ခိုက်ခြင်းဟာ အားလုံးကို တိုက်ခိုက် ခြင်းဖြစ်တယ်’ လို့ သတ်မှတ်ထားတဲ့ အပိုဒ် (၅) ပါ စုပေါင်းခုခံကာကွယ်ရေးဆိုင်ရာ အချက်ကို သမိုင်းတစ် လျှောက်မှာ အမေရိကန်တစ်နိုင်ငံတည်းသာ အသုံးပြုခဲ့ဖူးတယ်လို့ ကင်းနော့ခ်က ပြောပါတယ်။

ဒေါ်နယ်ထရမ့်ကိုယ်တိုင် ခြေထောက်မှာ အရိုးအတက်ထွက်တာကို အကြောင်းပြပြီး ဗီယက်နမ် စစ်ပွဲအတွင်း စစ်မှုထမ်းဖို့ဆင့်ခေါ်တာကို တိမ်းရှောင်ဖူးတယ်လို့ ဗြိတိန် နိုင်ငံရေးသမားတစ်ဉီးက ထောက် ပြခဲ့ပါတယ်။

“ဒေါ်နယ်ထရမ့်ဟာ စစ်မှုထမ်းဖို့ (၅) ကြိမ်တိုင်တိုင် တိမ်းရှောင်ခဲ့ပါတယ်။ စစ်သားတွေရဲ့ ပေးဆပ် စွန့်လွှတ်မှုအပေါ် မေးခွန်းထုတ်ရအောင် သူက ဘယ်လောက်တောင် သတ္တိရှိနေလို့လဲ” လို့ ဗြိတိန် လစ်ဘ ရယ်ဒီမိုကရက် အဒ်ဒါဗေးက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Trump’s NATO front line comments ‘deeply disappointing’, UK minister says